12 : GREY

738 82 11
                                    

ရှင်ဘုရင်ရဲ့ ပိုင်ဆိုင်မှုဟာ အဲဒီအရှင်ရဲ့ အားနည်းချက်လို့ တစ်လောကလုံးက သတ်မှတ်ကြတယ်။ ဖျက်ဆီးပစ်ဖို့ ကြိုးစားကြတယ်။

Grey အတွက်တော့ အဲဒီအဆိုဟာ အမှား။ မှားတာမှ ကုန်းကောက်စရာမရှိအောင်ကို ခွက်ထိုးခွက်လန်မှားတာ။

Lord ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ Grey ဟာ အရှင်သခင်ရဲ့ အားနည်းချက်မဟုတ်ဘူး။ Lord ကို ပုန်ကန်မယ့်သူမှန်သမျှ မြေမြှုပ်ပစ်မယ့် တစ်ခုတည်းသော အားသာချက်ပဲ။

--------------Smoke the Pain.

McDonald ရဲ့သန့်စင်ခန်းမှာ ဟိုဖျံဂိုဏ်းကကောင်ကို စောင့်နေရတာ Grey အတွက် သိပ်မဟန်ချင်ဘူး။ ကြာနေရင် Lord ရဲ့ ခပ်ပေါပေါ bodyguard ၅ယောက်က အတန်းလိုက်ကြီး ဝင်ချလာတော့မယ်။

ကိုယ့် Lord ကိုယ်တိုင်ရွေးထားတဲ့ bodyguard တွေကို ခပ်ပေါပေါဆိုပြီး နာမဝိသေသနနဲ့ အထူးပြုလိုက်ရတာ အားတော့နာပါရဲ့။ ဒါပေမဲ့ သူ့လောက်မပြောနဲ့၊ သူ့ရဲ့ဒူးခေါင်းလောက်တောင် ဉာဏ်မမှီတော့ အဲ့အတိုင်း သုံးနှုန်းရမှာပဲ။

သူတို့ကို လှည့်ပြီးလစ်ထွက်တာ ဒါဟာ ပထမဦးဆုံးအကြိမ် မဟုတ်။ ဘယ်နှကြိမ်မြောက်လဲ Grey ကိုယ်တိုင်တောင် မမှတ်မိ။ Grey ရဲ့လက်ရည်ဟာ Lord နီးနီးဆိုတော့ တော်ရုံကောင်က ဝင်မရှုပ်ရဲပါဘူး။

Lord ရဲ့ပိုင်ဆိုင်မှုဆိုပြီး Label အတပ်မခံရသေးကတည်းက မြေအောက်မှာ နာမည်တစ်လုံးတည်းနဲ့ ကျော်ကြားတဲ့ Grey ။ သူ့အကြည့်တစ်ချက်မှာတင် Bodyguard တွေ ရပ်ကျန်နေခဲ့ရော။ ဒါဆိုဘာလို့ တကောက်ကောက်လိုက်ခိုင်းနေလဲဆိုတော့ Lord ဆီသတင်းပြန်ပို့ဖို့ပဲ။

အရင်ကတော့ Lord က အမိန့်ထုတ်ဖူးတယ်။ မင်းတို့ကောင်တွေ Grey အမိန့်နာခံ စရာမလိုဘူးတဲ့။ ငါ့အမိန့်ကိုပဲနာခံပြီး Grey ဘယ်သွားသွား နောက်ကလိုက်တဲ့။ မဟုတ်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်တဲ့။

အဲ့တော့ သူတို့တွေ လိုက်ကြတာပေါ့။

အဲ့တော့ ဘာဆက်ဖြစ်လဲ။

Grey နဲ့ ချကြရောပေါ့။

Lord သူတို့ကို အပြစ်ပေးမှာစိုးလို့ ကိုယ့်နောက် တကောက်ကောက်လိုက်ခိုင်းရအောင် Grey ဆိုတဲ့ဒီကောင်က သဘောထားကြီးတယ်ဆိုတာ ဘာမှန်းတောင်မသိ။ ဘယ်သူ့ကိုမှ မငဲ့ချင်လို့ solo နေနေတာဖြစ်တယ်။

Smoke the PainWhere stories live. Discover now