08 : GREY

610 70 11
                                    

မီးခိုးငွေ့တွေကို လက်ခုပ်ထဲမှာ ဖမ်းဆုပ်ကြည့်တယ်။ ပြီးတော့ ပြန်လွှတ်ပေးတယ်။ ပြီးရင် ပြန်ဖမ်း၊ ပြီးရင် ပြန်လွှတ်။

​သုံးကြိမ်မြောက်မှာ မူလက မီးခိုးငွေ့ပမာဏအတိုင်း မင်းလက်ထဲ ကျန်ရစ်နေမယ်ထင်လား။

----------Smoke the Pain

Lord ဟာ အရှင်သခင်ပီသတယ်။ ပိုင်စိုးပိုင်နင်းနဲ့ တစ်ဖက်သတ်ဆန်တယ်။ စကားထဲမှာ အမိန့်သံတွေ ရောယှက်နေတယ်။ ဒါပေမဲ့ Grey အမြင်ကတ်လို့ မရခဲ့ဘူး။

အဲ့နေ့ပြီးထဲက Grey အလုပ်လုပ်ရတာ ဘာတစ်ခုမှ အဆင်ပြေမနေဘူး။ သူ့လုပ်ငန်းရဲ့ အနှောင့်အယှက်တွေကြောင့်မဟုတ်ဘဲ သူ့စိတ်ကိုက အဆင်မပြေတာဖြစ်တယ်။ စောင့်ကြည့်ခံနေရတယ်ဆိုတဲ့ ခံစားချက်ကြီးက အူထဲအသည်းထဲအထိ တမြေ့မြေ့ရယ်။

စိတ်ရှိတိုင်းသာဆို ပြေးတွေ့ပြီး ရန်ရှာမိမှာပေမယ့် လက်ရှိအခြေအနေအရ Grey ဟာ ခြေတစ်လှမ်းနောက်ကျနေတယ်။

Lord ကိုဘယ်နားသွားရှာရမှန်း၊ ဘယ်လိုဆက်သွယ်ရမှန်း Grey တကယ်မသိဘူး။

ဒါပေမဲ့ Lord ကတော့ Grey ရဲ့ Base အထိ တံခါးမရှိ၊ ဓားမရှိ ကြိုက်တဲ့အချိန် ကြိုက်သလို ဝင်နိုင်ထွက်နိုင်နေပြီ။ အဲဒီအချက်နဲ့တင် Grey ဟာ ခြေတစ်လှမ်းမက အလှမ်းပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့ပြီဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒီအကြောင်းတွေးမိတိုင်း ဒေါသတွေ အလိပ်လိပ်ထွက်တာများ အသက်တိုတော့မလိုပဲ။

Grey စိတ်ပေါက်ပေါက်နဲ့ လမ်းဘေးက အမှိုက်ပုံးကို ကန်ပစ်တော့မလိုလုပ်ပြီးမှ သူ့ခြေထောက်သူ ပြန်ရုတ်လိုက်တယ်။ အမှိုက်ပုံးကိုသွားကန်ရင် သူ့ဖိနပ်ပဲ ညစ်ပတ်မှာဖြစ်တယ်။ Lord ကတော့ အေးဆေးပဲ။

စောက်ကျိုးနည်း!
တစ်ခုခုကို ဆွဲဆောင့်ပစ်ချင်နေတာ!

စိတ်ကပေါက်လာတော့ အသက်ရှူသံတွေ မြန်လာတယ်။ ဒါပေမဲ့ Grey ဟာ professional ဖြစ်တယ်။ ခံစားချက်တွေ ပြင်းထန်နေပေမယ့် သတိမလွတ်သွားဘူး။ သူ့ကို နောက်ယောင်ခံလိုက်လာတဲ့ ကားတစ်စီးကို မျက်လုံးထောင့်က ခပ်ရေးရေးလေး တွေ့မိလိုက်တယ်။

Smoke the PainWhere stories live. Discover now