✨✨✨✨✨ 5
"စုဗူး မနက်က ဆိုင်သွားတာ ဆိုင်ခွဲကို ဝင်ခဲ့သေးလား"
"ဟင့်အင်း ယူဂျွန်းဆီပဲ ကျွန်တော်ဝင်လိုက်တာ Chocolate တွေပါ ပါတာနဲ့ ကြာနေရင် အရည်ပျော်မှာစိုးလို့"
တကယ်တော့ ကင်မ်ထယ်ယောင်း လမ်းမှာ သတ်မှတ်မှိုင်နှုန်းထက် ပိုမောင်းမိလို့ လိုင်စင်သိမ်းခံလိုက်ရ၏။ အဲ့ဒါကို ပြန်ရအောင် လိုက်လုပ်နေတာနဲ့ပဲ မသွားဖြစ်တော့တာ။
"အင်းပါ ကိုယ်လည်း အဲ့ဘက်ဆိုင်မရောက်တာကြာလို့ ဘာတွေလိုအပ်လဲ သိချင်လို့"
"မနက်ဖြန်ကျ ကျွန်တော် သွားကြည့်လိုက်မယ် ဪ Chocolate ဖိုးပိုက်ဆံ ပြန်ပေးဦး"
"အဟင်း အံဆွဲထဲမှာရှိတယ်လေ ကင်မ်ထယ်ယောင်းရာ ကြိုက်သလောက်သာယူ"
"ကြိုက်သလောက်မယူပါဘူး ကျွန်တော်ကအတိအကျပဲယူမှာပါ မစ္စတာဂျွန်"
ကင်မ်ထယ်ယောင်းက အပြောထက် လူကမြန်တယ်။ အံဆွဲဖွင့်ပြီး ပိုက်ဆံယူနေပြီ။ ကင်မ်ထယ်ယောင်းပိုက်ဆံရေနေတာကို ဂျွန်ဂျောင်ကုလှမ်းကြည့်ကာ ရယ်လိုက်မိသည်။ ပြီးရင် အဲ့ပိုက်ဆံတွေကို Choco လေးရဲ့ အရုပ်စုဗူးထဲ သွားထည့်ဦးမှာ။ ဘာလုပ်ဖို့လဲမေးတော့လည်း တခါမှမဖြေတာမို့ ခုနောက်ပိုင်း မမေးမိတော့။ ကင်မ်ထယ်ယောင်းစိတ်ချမ်းသာတာသာ လုပ်ပါစေတော့။
"ရေတူတူချိုးကြမလား ကင်မ်ထယ်ယောင်း"
ဂျွန်ဂျောင်ကု ရေချိုးခန်းထဲမဝင်ခင် လှမ်းမေးတော့ ကင်မ်ထယ်ယောင်းက အံဆွဲကို ပြန်ပိတ်ရင်း ဖြေသည်။
"ဆန်ပြုတ်ငါးရက်သောက်တော့မလို့လား မစ္စတာဂျွန်က"
"ကျစ် တကယ်ပါပဲကွာ ကင်မ်ထယ်ယောင်းက အတွေးတွေမှောင်မိုက်နေတာပဲ"
ဂျွန်ဂျောင်ကု ရေချိုးခန်းတံခါးဘောင်ကိုမှီထားရင်း လက်ပိုက်ကာ နှုတ်ခမ်းကို တတိတိကိုက်ပြီး ကင်မ်ထယ်ယောင်းကို စိုက်ကြည့်နေမိတော့တာ။ ဝတ်ထားတာက အဖြူရောင်ပိုးသားညအိပ်ဝတ်စုံမို့ ကောက်ကြောင်းလေးက ထင်းနေ၏။
ကင်မ်ထယ်ယောင်းက ဂျွန်ဂျောင်ကုဘက် လှည့်လာပြီး မျက်စောင်းထိုးကာ ခုနကစကားကို ပြန်ချေပလာသည်။
BINABASA MO ANG
Narcissist Jeon ✨ Special Extra ✨ //Completed//
FanfictionJeon Jung Kook x Kim Tae Hyung (KookV) Published Date on WP-July 20,2024