✨✨✨✨✨✨ 6
ကင်မ်ထယ်ယောင်း အိပ်ယာကနိုးလာတော့ နာနေတဲ့မျက်လုံးတွေကို ကြိုးစားဖွင့်ကြည့်ရတယ်။
"အင်း ဟင်း မစ္စတာဂျွန်"
ခပ်ကျယ်ကျယ်ခေါ်လိုက်ပေမယ့် အသံကထွက်မလာ။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်နေပြီး လက်တောင်မြှောက်ကြည့်လို့မရ။ လှုပ်လို့ရတာက ခေါင်းပဲရှိတာမို့ ခေါင်းကိုပဲစောင်းကာ ကြည့်မိတော့ အိပ်ခန်းထဲမှာ ဘယ်သူမှမရှိ။
ကင်မ်ထယ်ယောင်းကိုယ်က သန့်ပြန့်နေပြီး အပြာရောင်ပိုးသားဝတ်စုံလေးရှိနေပေမယ့် မလှုပ်နိုင်တဲ့အခြေအနေမှာ တစ်ယောက်တည်းထားခဲ့တော့ လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်။ နှာခေါင်းထိပ်က မွှန်လာတဲ့ခံစားချက်နဲ့အတူ မျက်ရည်တွေစီးကျလာကာ ရှိုက် ရှိုက်ငိုမိတော့တာ။
"အင့် ဟင့် ဟင့်"
မျက်လုံးတွေကန်းသွားချင် ကန်းသွားပါစေ။ ကင်မ်ထယ်ယောင်း အရမ်းဝမ်းနည်းတာမို့ ငိုရမယ်။
"ဟော ငိုနေတာလား ကင်မ်ထယ်ယောင်းရာ ဘာဖြစ်လို့လဲ ဟင် ဘယ်နားနာနေလို့လဲ ဟင်"
အခန်းထဲဝင်လာပြီး အခုမှ စိုးရိမ်တကြီးမေးနေတဲ့ ဂျွန်ဂျောင်ကုရယ်ပါ။ နာနေတာက တစ်ကိုယ်လုံးမို့ ကင်မ်ထယ်ယောင်း ပိုငိုမိတော့တာ။ ပြန်မဖြေတော့ အိပ်ယာပေါ်တက်ထိုင်ကာ ကင်မ်ထယ်ယောင်းကို ကောက်ပွေ့လိုက်တယ်။ ပေါင်ပေါ်ထိုင်စေကာ ရင်ခွင်ထဲထည့်ထားပြီး မျက်ရည်တွေကို နှုတ်ခမ်းနဲ့ သုတ်ပေးရင်း ချော့လာသည်။
"တိတ်နော် မျက်လုံးတွေယောင်နေပြီ ထပ်ငိုရင် ပိုဆိုးမှာစိုးလို့ပါ ကင်မ်ထယ်ယောင်းရယ် ကိုယ်ညက နည်းနည်းလွန်သွားတာ သိပါတယ်"
"အင့် အီးးးဟီးးး နည်းနည်းတဲ့လား အီးး"
"အာ တိတ် တိတ် များများလွန်တာ များများလွန်တာပါ နောက်တခါ ကိုယ်ဆင်ခြင်ပါ့မယ် ကင်မ်ထယ်ယောင်းရယ် ထပ်မငိုနဲ့တော့ နော်"
"ကန်းသွားလည်း အေးတာပဲ"
"မအေးပါဘူး ကန်းရင် ကိုယ့်ကို ဘယ်သူက မျက်စောင်းထိုးမှာလဲ"
BINABASA MO ANG
Narcissist Jeon ✨ Special Extra ✨ //Completed//
FanfictionJeon Jung Kook x Kim Tae Hyung (KookV) Published Date on WP-July 20,2024