အပိုင်း (၅)

9.3K 77 4
                                    

အမချောင်းသာကပြန်ရောက်ပြီး တပတ်လောက်နေတော့သူ့ရဲ့လက်သည်းအလှပြင်ဆိုင်ကိုဖွင့်လ်ိုက်တာမို့ ပွဲရုံကိုအလာကြဲသွားတယ်။ အမ မရှိလည်း ဖြိုးမောင်ကကိုယ်တိုင်ကိုယ်ကျဦးစီးနိုင်ပြီမို့ အဆင်ပြေလှတယ်။ တရက်တော့အလုပ်စားပွဲအံဆွဲကိုရှင်းရင်း လိပ်စာကဒ်လေးတကဒ်ကိုရှာတွေ့လိုက်တယ်။ ကဒ်နောက်မှာလည်း pageလိပ်စာတွေပါသေးတော့ ဝင်ကြည့််လိုက်မှ သေသပ်ပြီးအထက်တန်းကျလှတဲ့လက်ရာတွေနဲ့ တက်တူးတွေကိုမြင်တော့ သဘောကျမိတယ်။ 'အင်းး..မဆိုးဘူးဘဲ..' ကြည့်နေရင်းတခါတလေသူ့ပုံလေးတွေပါညှပ်ပါလာတတ်တယ်။ ကောင်လေးကယောင်္ကျားချော ချောတဲ့ပုံစံလေးနဲ့ ချစ်စရာကောင်းတယ်။ ဟန်ပန်အမူအရာတွေနဲ့ အနေအထားတွေကလည်းအထာကျတော့ ကောင်မလေးတွေအကြိုက်ဖြစ်နိုင်တယ်။ သူနဲ့တွေ့နေကျ ကိတ်ဆိုင်လေးကိုမရောက်တာတောင်ကြာလှပေါ့။ အမကအဲဆိုင်ကကိတ်တွေကိုသဘောကျတာမို့ တပတ်၂ရက်လောက်ကဝယ်ဖြစ်တယ်။ ခုတလောအမကလည်းအလုပ်ရှုပ်နေတာနဲ့ စားဖို့အာရုံမရောက်ဘူးထင်ပါ့။ သူ့ကိုဝယ်မခိုင်းတော့ဘူး။  ဒါကြောင့်ဒီနေ့သွားပြီး အပြန်ကျဝယ်သွားရမယ်လို့စိတ်မှာတွေးလိုက်တယ်။

ထူးခန့်ကဆိုင်ကိုနေ့တိုင်းလိုလိုရောက်ဖြစ်ပေမယ့် ကိုဖြိုးမောင်ဆိုတဲ့ဘဲကြီးကိုတော့မတွေ့။ ပွဲရုံထိလိုက်သွားဖို့ကလည်းအကြောင်းကိစ္စရှာမရတာ့၊ မမျှော်လင့်တဲ့ပုံစံနဲ့တွေ့နိုင်တဲ့ဒီိကိတ်ဆိုင်လေးမှာပဲစောင့်နေခဲ့တာပေါ့။ ဒီနေ့လည်းတွေ့ရမှာ ဆယ်ရာခိုင်နှုန်းတောင်မသေချာတဲ့အခြေအနေမှာလာစောင့်နေမိတယ်။ ဆိုင်ကဝန်ထမ်းတွေနဲ့တောင်တော်တော်ရင်းနှီးနေပြီ။ 'latte အပူနဲ့ ဘာမုန့်စားချင်လဲအကို...ဒီနေ့တော့ blueberry cheesecake လေးကခုနကမှဖုတ်ပြီးတာ..အရမ်းကောင်းတယ်..tryကြည့်ပါလား' 'အင်း..အဲဒါပဲယူလိုက်မယ်လေ' 'ဟုတ်..ထိုင်နေကျနေရာလေးကိုလာပို့ပေးပါ့မယ်နော်' အကုန်အလိုက်တသိဖြစ်နေတဲ့ဝန်ထမ်းကိုရယ်ပြရင်းထွက်လာခဲ့တယ်။ ခဏနေတော့သူမှာထားတဲ့အော်ဒါတွေရောက်လာပြီး 'ဒါက peanut butter cookies လေးပါ...VIPတွေအတွက်သီးသန့်လက်ဆောင်ပါရှင့်' စက္ကူအိပ်လေးနဲ့လှပသေသပ်စွာထုပ်ထားတဲ့ လက်တဖဝါးစာအထုပ်လေးကိုဘေးမှာချပေးလိုက်တယ်။ 'ဟုတ်.ကျေးဇူးပါနော်..ညီမ'။ ဒီနေ့ကကံကောင်းတယ်လို့ပြောရမလား။ လက်ဆောင်မုန့်လေးလည်းရသလို မျှော်နေတဲ့ပုဂ္ဂိုလ်ကြီးလည်းပေါ်လာတယ်လေ။ 'ဟာ..အကို...' ဟန်မဆောင်နိုင်အောင်ထရပ်ပြီးနှုတ်ဆက်လိုက်တယ်။ 'ညီလေး..' 'လာဗျာ..ထိုင်ပါဦး...မုန့်လာဝယ်တာလား' 'ဟုတ်ပါ့' ရှေ့ကခုံကိုဆွဲကာဝင်ထိုင်လိုက်တော့ ထူးခန့်ရင်တွေတဒုန်းဒုန်းပေါ့။ 'ဟို..ကော်ဖီသွားမှာလိုက်မယ်လေ.ဘာသောက်မလဲ' 'ရတယ်ညီ..အကိုသွားမှာလိုက်မယ်' 'မဟုတ်တာ...ကျတော်မှာပေးမယ်..ဘာသောက်ချင်လဲ..' 'ဒါဆို caramel latte တခွက်ပဲ' 'ဟုတ်...ခဏလေးနော်' အော်ဒါသွားမှာတဲ့ကောင်လေးကိုကြည့်ကာ ဖြိုးမောင်သဘောကျမိတယ်။ လူငယ်ဆန်ဆန်အပြင်အဆင်တွေနဲ့ တက်ကြွလန်းဆန်းလှတယ်။

LOVE AND SLUTWhere stories live. Discover now