လှည့်ထွက်သွားသောကျောပြင်ထက် ရင်ဆိုင်နေရသောမျက်ဝန်းအစုံကို ဖြိုးမောင်ကြောက်မိတယ်။ ထပ်ပြီးမမြင်ချင်သောကျောခိုင်းသွားတဲ့ကျောပြင်တခုရဲ့ပိုင်ရှင်ဟာ ထူးခန့်တော့မဖြစ်လိုပါ။ 'ညီ..အကိုရှင်းပြမယ်' 'ခင်ဗျားကတော်တော်ရွံဖို့ကောင်းတယ်...ယောင်္ကျားတွေအများကြီးရှိရက်နဲ့ဘဝအသစ်တခုထူထောင်တော့မယ့်ယောင်္ကျားတယောက်ကိုမှမြူဆွယ်ရသလား...အဲလူကကျတော့်အကိုရင်းဖြစ်နေဖို့လိုသလား...ခင်ဗျားရောကျတော်ပါစိတ်ပျော်ဖို့ စိတ်တိုင်းကျဖြစ်ချင်တဲ့သူတဲ့ဖြစ်ခွင့်ပေးထားခဲ့ပေမယ့် အဲအထဲမှာကျတော့်အကိုမပါဘူးဗျ...အေးလေ..ခင်ဗျားကကိုယ့်ယောက်ဖအရင်းကိုတောင်အလွတ်မပေးတတ်တာ...ကျတော့်အကိုဆိုရင်တော့ဘယ်အလွတ်ပေးပါ့မလဲ..ခင်ဗျားကလုံးဝစာရိတ္တပျက်ပြားနေတဲ့ဖာသည်မပဲ...ထိန်းသိမ်းရမယ့်ကိုယ့်ကျင့်တရားဆိုတာကိုတောင်သာယာမှုတခုတည်းအတွက်လွယ်လွယ်ကူကူစတေးပစ်ရဲတဲ့အဆင့်အတန်းမရှိတဲ့သူပဲ' ဖြိုးမောင်ပြောစရာစကားတွေကအရမ်းများနေလို့လားမသိ။ လည်ပင်းထဲထစ်နေကာတလုံးမှထွက်မလာ။ အဲအစားမျက်ရည်တွေသာတသွင်သွင်စီးကျလာတယ်။ အကိုရဲ့စော်ကားမှုကိုတခါခံခဲ့ရပြီး၊ အခုအချိိန်မှာညီဖြစ်သူရဲ့စော်ကားမှုကိုပါထပ်ခံနေရတဲ့ဖြိုးမောင်ရဲ့ဝဋ်ကြွေးတွေကကြီးလှပါတယ်။ အမြဲတမ်းသားကောင်ဖြစ်ခဲ့ရပေမယ့် ဘယ်သူကမှနာကျင်ရဲ့လားလို့မေးဖော်မရဘဲ အပြစ်တွေသာဖို့ခဲ့ကြတယ်။ ထိုအပြစ်ဖို့တဲ့သူတွေကလည်းဖြိုးမောင်ချစ်ရတဲ့သူတွေပါ။ အမြဲတမ်းဗီလိန်တယောက်လ်ို ရက်ရက်စက်စက်နင်းချေခံနေရတဲ့ ဖြိးမောင်အတွက် ဆွံ့အနေရုံမှတပါးအခြားမရှိ။ သူ့ကိုနောက်တကြိမ်ကျောခိုင်းသွားတဲ့သူက သူမဖြစ်ချင်ဆုံးလူတယောက်ပါ။ ရှင်းပြခွင့်တောင်မရလိုက်ဘဲ လူသေတယောက်လိုမလှုပ်မရှားရပ်နေမိတဲ့ဖြိုးမောင်က အသိစိတ်ပြန်ကပ်လာချိိန်မှာ ထူးခန့်ကိုလိုက်ရှာမိတယ်။ နောက်တကြိမ်တော့အဖြစ်မခံပါ။ ပြန်မချစ်တော့ရင်တောင်အနည်းဆုံးတော့အမှန်တရားကိုသိသွားရမှာပေါ့။ ပွဲထဲကပျောက်ချင်းမလှပျောက်သွားတဲ့သူကိုဘယ်မှာရှာရမလဲဖြိုးမောင်သိပါတယ်။
YOU ARE READING
LOVE AND SLUT
Romance18+ ကျားချင်းလိုးစာပါ။ ဒီဝတ္ထုလေးကတော့ ရှေ့ကအောင်မင်းဇာတ်လမ်းနဲ့မတူဘဲ romance နဲ့ dramaကိုနည်းနည်းလေးရောထည့်ပေးထားပါတယ်။ non-stop sex scenes တွေချည်းမဟုတ်တဲ့အတွက် အရသာတမျိုလေးခံစားရမယ်ထင်ပါတယ်။ ဒါပေမယ့်အပိုင်းတိုင်းမှာတော့ sex scene တခန်းကိုတော့အနည်...