အပိုင်း (၈)

6.1K 50 2
                                    

နေ့လယ်စာစားဖို့ ချိန်းထားတဲ့အတွက် အမရှိတဲ့ junction city ကို၁၁ခွဲကျော်လောက်ရောက်လာခဲ့တယ်။ အမဆိုင်ကိုရောက်သွားတော့ ဧည့်သည်တော်တော်များများနဲ့ဆိုင်လည်ပတ်နေတာတွေ့လိုက်ရတော့အမကိုကြိတ်ချီးကျူးမိတယ်။ ဖြိုးမောင်ကိုမြင်တော့ 'ခဏလေး..' ဆိုကာအမကသူ့အိတ်ထဲကမိတ်ကပ်ဗူးလေးထုတ်ပြီး အလှနည်းနည်းပြင်ကာနှုတ်ခမ်းနီကိုခပ်ပါးပါးလေးတထပ်အဖြစ်အပေါ်ကထပ်ဆိုးလိုက်တယ်။ ဆံပင်ကိုလည်းခေါင်းဖြီးနဲ့စိတ်တိုင်းကျဖြီးနေတော့ 'အမ..ဘယ်မှာသွားစားမှာလဲ..အပေါ်ထပ်မှာပဲစားမှာမဟုတ်ဘူးလား' 'ဟုတ်ဘူးလေ..နင့်ယောက်ဖကုမ္ပဏီနားမှာသွားစားမှာ' 'အော်' အဲလိုဆိုအကြာကြီးထပ်မောင်းရဦးမှာပဲလို့တွေးကာပျင်းရိသွားရတယ်။ 'ကားကိုအမမောင်းပါလား..ကျတော်မမောင်းချင်တော့ဘူး' 'အယ်..တကယ်လား..ပေး..ပေး...မောင်းမယ်.' ဆိုကာကမ်းပေးထားတဲ့ကားသော့ကိုလုဆွဲသလိုမျိုးအပြေးအလွှားယူလိုက်တယ်။

ကိုမင်းကုမ္ပဏီနားရောက်တော့ အမကဖုန်းဆက်ကာဆိုင်ရောက်နေပြီဖြစ်ကြောင်းပြောရင်း စားမယ့်ဆိုင်ခြံဝင်းထဲကိုကားမောင်းဝင်လိုက်တော့တယ်။ ဆိုင်အပြင်အဆင်ကအထက်တန်းကျပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်။ မြန်မာဂန္တဝင်သီချင်းသံကိုခပ်တိုးတိုးလေးဖွင့်ထားတာမို့ငြိမ့်ညောင်းနေတယ်။ ဝိတ်တာတွေက စတစ်ကော်လံအဖြူနဲ့ပုဆိုးကိုသေသပ်ချပ်ရပ်စွာဝတ်ထားတာမို့ မြန်မာအစားအသောက်ဆိုင်မှန်းရိပ်မိသွားတယ်။ 'မြန်မာအစားအစာကိုမြန်မာနိုင်ငံမှာနေပြီး တကူးတကဆိုင်သွားစားတဲ့ဖီလင်ကို မကြိုက်ပါဘူး' 'နင်ဒီဆိုင်မှာစားဖူးလား' 'မစားဖူးဘူး..စိတ်လည်းမဝင်စားဘူး' 'အမလေး..စားကြည့်ပါ...မြန်မာအစားအစာဆိုပေမယ့်အပြင်အဆင်တွေကအရမ်းမိုက်သော' ဖြိုးမောင်တို့လည်းကိုမင်းကိုစောင့်ရင်း စားစရာတွေမှာလိုက်ကြတယ်။ အစားအသောက်တွေမရောက်ခင်မှာပဲကိုမင်းရောက်လာတယ်။ 'စားပြီးရင်ကုမ္ပဏီိကိုအလည်လိုက်ခဲ့လေ...ညီလေးမရောက်ဖူးသေးဘူးမလား' 'အင်း..ကိုမင်း..မရောက်ဖူးသေး..လိုက်ခဲ့မယ်လေ' ခဏနေတော့ မြန်မာအစားအစာတွေကို နိုင်ငံခြားဟင်းပွဲတွေလိုမျိုး plating ချထားတဲ့အပြင်အဆင်နဲ့ဟင်းပွဲတွေရောက်လာတယ်။ အမြင်အားဖြင့်ဆန်းကြယ်ပေမယ့်အရသာတွေကတော့ မြန်မာလူမျိုးတွေအကြိုက်လေးလေးပင်ပင်မဟုတ်ဘဲ ပေါ့ရွှတ်ရွှတ်လေးနဲ့ တခြားနိုင်ငံသားတွေပါစားလို့အဆင်ပြေအောင်ချက်ပြုတ်ထားတယ်။ အမကတော့သူ့အကြိုက်မို့လို့လားမသိဘူး။ စားလိုက်တာမှဟင်းပွဲတွေတောင်ထပ်မှာလိုက်သေးတယ်။ မျှစ်ချဉ်နဲ့ဝက်သားကိုနူးအိအောင်ချက်ပြုတ်ထားတာကိုပါးဖြဲနားဖြဲစားပြီးမှ 'အိပ်ချင်လိုက်တာဟယ်' ဆိုကာထမင်းဆီတွေတက်ပြီးလေးလံစွာပြောလိုက်တယ်။

LOVE AND SLUTWhere stories live. Discover now