ရာရာ သင်တန်းသွားရမယ့် ပထမဆုံးရက် မို့လို့ ထုံးစံတိုင်း စောစောထကာ ပြင်ဆင် ဖြီးလိမ်းပြီး ကားမှတ်တိုင်ကို လမ်းလျှောက်လာခဲ့သည်။
" ငါတစ်ယောက်တည်းကားစီးရမှာပဲ ရင်ခုန်လိုက်တာ "
ကားမှတ်တိုင်မှာ ၁၀မိနစ်လောက်ကားစောင့်ပြီး
ရာရာစီးရမယ့် ကားလာတော့ တက်သွားသည်။Computer class နဲ့ တခြား class တွေရော
Batch 3 စဖွင့်တဲ့ နေ့မို့ သက်ထားအလုပ်ရှုပ်နေသည်။
ရည်းစားဖြစ်သူနဲ့တောင် စကားမပြောဖြစ်ကြ။
ဒါပေမယ့် ထူးထူးဆန်းဆန်း ဖုန်းသိပ်မပြောတတ်တဲ့ မင်းသွေးက ဖုန်းခေါ်လာတာကြောင့် မအားတဲ့ကြားထဲက ဖုန်းကိုင်လိုက်သည်။" ဟဲ့ ထူးထူးဆန်းဆန်းပါလား နင်က"
"အကူညီတောင်းစရာရှိလို့"
" အဟမ်း ဆမ်းသီးတော့ ဆမ်းသီးပဲ ဘာကိစ္စလဲ "
" ငါ ချာတိတ်နဲ့စကားပြောချင်တယ် "
" အဲ့တော့ ငါကဘယ်လိုကူညီရမှာလဲ "
ဒီချိန်မှာပဲ ရာရာရောက်လာသည်။
" မမ "
" ဟော ညီမလေးရောက်လာပြီလား 9:00 မှကို အစောကြီးပဲ "
" ဟုတ်တယ် ပထမဆုံးရက်မို့လို့လေ ပြီးတော့ ကားကလည်းစီးရသေးတယ်
ရုံးချိန်ကြီးဆိုတော့ မမရယ် နောက်ကျမှာစိုးလို့ စောစောထွက်လာတာ
ပြီးတော့ မမကိုလဲမေးစရာရှိလို့ "" ဘာမေးချင်လို့လဲညီမလေး "
"ဒီက ဆရာမတွေက သဘောရောကောင်းရဲ့လားဟင် ညီမလေးကြောက်လို့ "
" အော် ဟင်းဟင်း ကောင်းပါတယ်ညီမလေးရဲ့ ညီမလေးတို့ကိုသင်ပေးမယ်ဆရာမဆို ပိုတောင်သဘောကောင်းသေးတယ် မပူနဲ့"
" တော်သေးတာပေါ့ မမရယ် "
" ဘာစားလာပြီးပြီလဲညီမလေး"
"ထမင်းကြော်စားပြီးပြီမမ"
" ဒါဆို အတန်းထဲသွားထိုင်တော့လေ သူငယ်ချင်းတွေလဲရမှာပါ "
" ဟုတ်မမ တာ့တာ "
ရာရာ မမသက်ထားကိုနှုတ်ဆက်ပြီး computer class ထဲဝင်သွားသည်။
