"နင်ကတစ်ညလုံးဘယ်တွေသွားနေတာလဲ"
"ဘယ်မှမသွားပါဘူးဒီတိုင်း အသိတစ်ယောက်အိမ်မှာပဲ အိပ်လိုက်တာပါ"
"နင့်မှာဘယ်တုန်းက အသိရှိသွားတာလဲ"
"ဟို ဒီတိုင်း အသုပ်ခဏခဏလာစားလို့ သိသွားကြတာပါ"
ထိုအချိန်စည်သူမင်းထက်ဝင်လာသည်။
"ညွှန်းဖွဲ့ရာ မင်းဘယ်လိုလုပ်လိုက်တာလဲ ငါညကမင်းကို ငါ့အသိတွေနဲ့မိတ်ဆက်ပေးမယ်လို့ပြောထားတယ်လေ"
"ဟုတ် ဟို ညွှန်းလဲ"
"ဟိုဟိုဒီဒီလုပ်မနေနဲ့ ဘာလဲ မင်းကငါ့ကို မလေးမစားလုပ်နေတာလား"
"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး ကိုစည်သူရယ်"
"ဟမ် ဒီမိန်းမကတော့ နင့်မှာ ဘယ်သူ့အားကိုးရှိလို့ငါတို့ကိုအာခံနေတာလဲ"
ရာရာ့ဆံပင်တွေကို ဆောင့်ဆွဲပြီး သူ့အဒေါ်ကမေးနေသည်။
"အား မလုပ်ပါနဲ့အဒေါ်ရယ်"
"ဟမ် နင့်ကိုနင်ဘာများ အောက်မေ့နေလဲ"
အသံကကျယ်လွန်းတာကြောင့်အပြင်ကဖြတ်သွားတဲ့သူတွေတောင်ကြားရသည်။
"ကိုမင်းသွေး ကြည်ဖြူတို့ဝင်သွားလိုက်ရမလား"
"ဟင့်အင်းမဖြစ်ဘူး ကြည်ဖြူတို့ဝင်သွားရင် ရိပ်မိသွားလိမ့်မယ်"
"ဒါပေမယ့် ရာရာ့ကိုဘယ်လိုတွေနှိပ်စက်နေလဲမသိဘူးလေ"
"ခဏလေးပဲစောင့်ပါ"
သွေးအေးနိုင်လွန်းတဲ့ မင်းသွေးဆက်ပိုင်ကို ရာရာ့သူငယ်ချင်းတွေလဲနားမလည်နိုင်တော့။
"အိမ်ရှင်တို့ အိမ်ရှင်တို့"
"ဘယ်သူတွေလဲ"
"ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကပါ"
လူတွေရောက်လာမှ ရာရာ့ဆံပင်တွေကိုလွှတ်ပေးလိုက်သည်။
"ဪ ဟုတ်ကဲ့ ဆရာကြီးတို့ဘာကိစ္စများရှိလို့ပါလဲရှင်"
"တိုင်ကြားစာရောက်လာလို့ပါ ခင်များတို့က ဘာဖြစ်နေကြတာလဲ ကိုယ့်အလုပ်သမားကို အနိုင်ကျင့်နေကြတာလား"
