Part 30🍓

7.6K 84 2
                                        

ရာရာတို့ သူငယ်ချင်းသုံးယောက် တစ်နေကုန် အပြင်လျှောက်လည်ပြီးညနေစောင်းမှအိမ်ပြန်လာကြသည်။

"အမေရေ အမေ"

"ဟော ရာရာ ပြန်လာပြီလား"

"ဟုတ်အမေ ပြန်လာပြီ"

"မနက်ကတည်းက အိမ်ဝင်တာမဟုတ်ဘူး ဒီမှာ မုန့်ဟင်းခါးချက်တယ်"

"ကျန်သေးတယ်မလားအမေ ညစာအဲ့တာပဲစားလိုက်တော့မယ်လေ"

"အေးအေး ကျန်သေးတယ် ပြီးရင် စား"

"ဟုတ် ဒါနဲ့ ဘုန်းပြည့်စုံရော"

"ရှိပါ့ အစ်မတို့အိမ်မှာသွားဆော့နေတယ်"

"အမယ်ဟုတ်လား ဒါဆိုသမီးလိုက်သွားဦးမယ်"

"အေးအေး"

ရာရာ အထုပ်တွေခဏချပြီး အန်တီမြတို့အိမ်ဘက်ကို လမ်းလျှောက်သွားသည်။

"အန်တီမြရေ"

"ဟယ် သမီး"

"နေကောင်းတယ်မလား"

"နေကောင်းပါတယ်တော် သမီးတစ်ယောက်တည်းလား"

"ဟုတ်တယ် ဒီမှာလိုတာလေးတွေသူငယ်ချင်းတွေနဲ့သွားဝယ်နေတာလာမယ့် သောကြာ သမီးနယ်ကိုပြန်ပြီအန်တီရဲ့"

"ပြန်တော့လည်းမြန်လိုက်တာကွယ်ခဏလောက်နေပါဦးလား"

"နေလို့မရတော့ဘူး အန်တီရဲ့ ကလေးတွေအတန်းတင်စာမေးပွဲကလာတော့မှာ ဆရာအင်အားကနည်းတော့ တစ်ယောက်လျော့လဲသိသာတယ် အဲ့တာကြောင့်ပြန်ရမှာ"

"အမယ်လေးဟုတ်ပါပြီဆရာမလေးရယ်"

"ဟီးဟီး ပိတ်ရက်တွေကျရင် ဒီကိုလာလည်မှာ စိတ်ချ"

"ဟုတ်ပါပြီရှင် ဒါနဲ့ မင်းသွေးနဲ့ရောအဆင်ပြေရဲ့လား"

"ပြေပါတယ် အန်တီ သူလည်းသမီးကိုသေချာဂရုစိုက်ပါတယ်"

"တော်သေးတာပေါ့ကွယ်"

"ဘုန်းပြည့်စုံဒီရောက်နေတယ်ဆိုအန်တီ"

"ဟုတ်ပါ့ ဟိုမှာဆော့နေလေရဲ့"

"အမယ် ဘုန်းပြည့်စုံ နင်က အန်တီမြတို့ကိုလာရှုပ်တာပေါ့"

"ဟုတ်ပါဘူး အန်တီမြကလာဆော့လို့ရတယ်လို့ပြောလို့လာတာ မုန့်လဲကျွေးတယ်"

❀ɓεℓσѵε∂❀ (Complete)Where stories live. Discover now