❗️Vote လေးပေးပြီး Cm လေးရေးခဲ့ဖို့တောင်းဆိုပါရစေနော်
ရာရာလေးတို့တွက် နောက်ဆုံးအမှတ်တရလေးမို့ပါ🥺❗️
"ကလေးလေး ကိုယ်တို့အမေတို့အိမ်ရောက်ပြီထတော့နော်"
"ရှင် ဟုတ်"
ကားပေါ်ကနေဆင်းလိုက်တော့ ရာရာသိပ်ကိုလွမ်းနေခဲ့တဲ့ အမေ့အိမ်ကိုရောက်နေပြီဖြစ်သည်။
"အမေ အမေရေ...အမေ"
"ဟယ် အမေရာရာပြန်လာပြီ"
ဘုန်းပြည့်စုံရဲ့ အသံကြောင့် ဒေါ်နွယ်နီအိမ်ရှေ့ကိုအပြေးလေးလာခဲ့သည်။
"ဟယ်သမီး"
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အိပ်မက်လားလို့တောင် ထင်သွားသည်။
ချက်ချင်းဘဲ အိမ်ကနေပြေးဆင်းပြီး ရာရာ့ကိုဖက်ထားလိုက်သည်။
"ငါ့သမီးလေး ပြန်လာပြီပေါ့"
"သမီးအရမ်းလွမ်းနေခဲ့တာ"
"တော်သေးပါတယ် ဘာတွေဖြစ်သေးလဲရာရာ"
"ဟင့်အင်း ကိုမင်းသွေးကျေးဇူးကြောင့် ရာရာဘာမှမထိခိုက်ပါဘူး"
"တော်ပါသေးတယ်သမီးရယ်"
ရာရာတို့လည်း ဝမ်းသာလွန်းလို့မျက်ရည်တွေကျလာပြီး ပျော်နေမိသည်။
"ကြည့်ပါဦး ငါ့တူမလေး ၃လလောက်ထိသူများအိမ်မှာဒုက္ခတွေ သွားခံနေရတာ ပိန်တောင်ပိန်သွားတယ်နော်"
"ရာရာအဆင်ပြေပါတယ်"
"သတိပြန်ရလာလို့ပဲတော်သေးတာပေါ့ သမီးရယ်"
"ဟုတ်တယ်ကြီးကြီးရယ် သမီးလဲ ဒီကိုပြန်လာနိုင်မယ်လို့မထင်ထားမိဘူး"
"သမီးကိုတွေ့ရဖို့လေ မင်းသွေးက ဒီကနေ ခြေရာလက်ရာအကုန်ဖျောက်ပြီးထားခဲ့တာ"
"ဟီး ကျေးဇူးပဲ"
"ကျေးဇူးတင်စရာမလိုပါဘူး ဒီထက်မကတောင် မကူညီနိုင်လို့တော်တော်စိတ်မကောင်းဖြစ်ခဲ့တာ ဟိုးတစ်နေ့က အိမ်ထဲကအသံတွေကြောင့်"
"ဟင့်အင်း စိတ်မကောင်းစရာမပြောပါနဲ့တော့ ကိုမင်းသွေးရယ် ရာရာအခုအဆင်ပြေနေပြီလေ"
