"ညွှန်း ဒါ ညွှန်းရဲ့အဒေါ်လေ မှတ်မိလား"
အိမ်လေးက ပျဥ္ထောင်အိမ် လုံးခြင်းအိမ်လေးဖြစ်ပြီး ရာရာ့ကို ပြုံးပြနေတဲ့ အဒေါ်ကြီးတစ်ယောက်ကိုတွေ့သည်။
"ဟင် ဟုတ်လား"
"မသေကောင်းမပျောက်ကောင်းငါ့တူမရယ် အဒေါ့်ကိုတကယ်မမှတ်မိဘူးလား"
"ဟုတ်"
"အေးပေါ့လေ အချိန်ယူရမှာပေါ့"
"အဒေါ် ကျွန်တော်တို့အိပ်ခန်းပြင်ပြီးပြီလား"
"ပြင်ပြီးပါပြီတော် အေးဆေးနားကြဦး အဒေါ်လမ်းထိပ်ခဏသွားလိုက်ဦးမယ်"
"ဟုတ်"
ရာရာလည်း ကားမူးလာတာရော နေလည်းသိပ်မကောင်းချင်သေးတာနဲ့ အခန်းထဲဝင်ပြီး နားနေလိုက်သည်။
"ဟင် ကိုစည်သူဘာကိစ္စရှိလို့လဲ"
"ဟင် ဘာကိစ္စမှမရှိဘူးလေ ကိုယ်လည်းနားမလို့"
"ဟို ကိုယ့်အခန်းကိုယ်နားလေ"
"ဒါကိုယ့်အခန်းပဲလေ"
"ရှင်"
"ညွှန်းက မမှတ်မိဘူးနဲ့တူတယ် အရင်ကလဲ ကိုယ်ဒီကိုလာလည်ရင် ညွှန်းနဲ့တစ်ခန်းတည်းသုံးနေကျ"
ရာရာဒီခံစားချက်ကြီးကိုဘယ်လိုမှ မနှစ်သက်ပါ။
"အမ် ဒါဆိုလဲ ရှင်ပဲနားလိုက်ပါ ကျွန်မ အရှေ့မှာပဲနေလိုက်တော့မယ်"
"ဘယ်သွားမလို့လဲ ကိုယ့်ဆန္ဒကိုဖြည့်ဆည်းပေးဖို့လဲ တွေးပါဦးကွာ"
ရာရာ့နားကို သူကပ်လာသည်။
"မလုပ်ပါနဲ့ကျွန်မ အဲ့လိုတွေမကြိုက်လို့ပါ"
"နေမကောင်းလို့ဆိုပြီး အလျှော့ပေးတာတွေများနေပြီနော် အချစ်"
စည်သူမင်းထက်ကလဲ သူ့ရဲ့အကြံစည်အောင်ဖို့ရာ ရာရာ့ကိုနည်းမျိုးစုံ စကားမျိုးစုံနဲ့ အနားကပ်ဖို့ကြိုးစားသည်။
"မလုပ်ပါနဲ့"
"ဟေ့ ငါတူကြီးတို့ တူမကြီးတို့ရေ"
"ဟာကွာ တောက်!!!"
စည်သူမင်းထက်က ဒေါသထွက်သွားတဲ့ပုံစံနဲ့အရှေ့ခန်းကိုထွက်သွားသည်။
