ရာရာရန်ကုန်ကနေ နယ်ကိုပြန်ရမယ့်နေ့မို့ ကားဂိတ်ထိ အကုန်လုံးကလိုက်ပို့ကြသည်။
"နွေရာသီပိတ်ရင် ပြန်လာခဲ့မယ်နော်"
"အေးပါ"
ဒေါ်မြတင်နဲ့ ဒေါ်နွယ်နီကမျက်နှာမကောင်း
"ကဲ သမီး လမ်းခရီးမှာအစစရာရာဂရုစိုက်နော်"
"ဟုတ်ကဲ့လေးလေး"
"ကိုယ်ပဲလိုက်ပို့တော့မယ် ကားပေါ်တက်တော့"
"ကိုမင်းသွေး ဘာဖြစ်နေတာလဲနော် မေမေတို့ကိုပဲသေချာလိုက်ပို့လိုက် ရောက်ရင် ဖုန်းဆက်လိုက်မယ်
ဟော ဟိုမှာကားထွက်တော့မယ်တဲ့ သမီးသွားတော့မယ်နော် အားလုံးပဲဂရုစိုက်ကြနော် ဘုန်းပြည့်စုံတာ့တာနော် စာကြိုးစား"
ရာရာအားလုံးကိုနှုတ်ဆက်ပြီး ကားပေါ်တက်သွားသည်။
ကားပေါ်ရောက်မှ ရာရာတိတ်တိတ်လေး မျက်ရည်ကျမိသည်။
"သား သမီးလေးကိုသွားပြန်ခေါ်လိုက်ပါလား အမေ့ရင်ထဲတစ်မျိုးပဲ"
"ညီမလေးကလည်း စိ်တ်အေးအေးထားပါ ဘာမှမဖြစ်ပါဘူး"
"ဟုတ်ပါတယ် ရာရာအဆင်ပြေမှာပါအမေ စိတ်အေးအေးထားနော်"
"အေးပါကွယ်"
ကားစထွက်တော့ ရာရာသူငယ်ချင်းတွေနဲ့ အပြန်လှန် စာပို့နေကြသည်။
ရာရာ့ဘေးခုံက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်သည်။
"ဘယ်နှလရှိပြီလဲအစ်မ"
"၇လပါ"
"ဘာလေးလဲရော သိရပြီလား"
"ဟင့်အင်း မွေးလာမှပဲရင်ခုန်မလို့"
"ချစ်စရာလေးဖြစ်မှာပါ"
"ဟီး ညီမလေးကရောတစ်ယောက်တည်းလား"
"ဟုတ်တယ် ရန်ကုန်ကိုခဏလာလည်တာ ညီမအလုပ်ကနယ်မှာ"
"ဪ အဲ့လိုကိုး"
"အစ်မရော ကလေးက လတောင်ရင့်နေပြီ ဘယ်သွားမလို့လဲ"
"အမေ့အိမ်ပါညီမလေးရယ် အစ်မယောကျာ်းနဲ့ပြဿနာတက်လို့"
"ဪဟုတ်လား ဂရုစိုက်ဦးနော်အစ်မ ကလေးက လရင့်နေပြီလေ"
"အင်းပါညီမလေး"
