Burning Feather

2.5K 32 12
                                    

(Author's warning - ဤဇာတ်လမ်းတွင် အနောက်တိုင်းယဉ်ကျေးမှုပုံစံများ ပါဝင်တာကြောင့် အထူးသဖြင့် အသက်18နှစ်အောက် လူငယ်များအနေဖြင့် ဖတ်ရှုရန်မသင့်တော်ပါ)

မိန်းမပျိုလေးတစ်ယောက်ဟာ သူမ ရှေ့မှာရှိနေတဲ့ Featherland University ဆိုသည့် ဆိုင်းဘုတ်ကိုစူးစိုက်ကြည့်ရင်း အိပ်မက်တွေရဲ့အစွန်းမှာရပ်နေခဲ့တယ်။ နွေးထွေးသော နေရောင်သည် မြင့်မားသည့်နာရီစင်ကိုညွှန်ပြနေပြီး ဂရုတစိုက်ပြုပြင်ထိန်းသိမ်းထားသည့်မြက်ခင်းတွေတစ်လျှောက်တွင် အရိပ်များထင်ပေါ်စေသည်။ အလားတူပင် လျှောက်လမ်းဘေးတွင်ရှိနေသော ဝက်သစ်ချပင်များမှလွင့်ပျံလာသည့် လေကောင်းလေသန့်များကိုလည်း ခံစားမိသည်။

ဒါဟာ သူမဘဝရဲ့ ခြေလှမ်းသစ်တစ်ခု...။ မိဘမဲ့ကျောင်းတစ်ခုမှထွက်လာပြီးနောက် သူမ ပထမဆုံးလှမ်းလျှောက်ရမည့် လမ်းပင်ဖြစ်သည်။ ဤတက္ကသိုလ်၏ ဝင်ခွင့်လက်ခံစာရပြီးကတည်းက သူမ စိတ်လှုပ်ရှားနေမိတာအမှန်...။

အသက်ပြင်းပြင်းရှုရင်း သူမရဲ့ဟောင်းနွမ်းနေတဲ့အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဘဝရဲ့အချိုးအကွေ့တစ်ခုဆီ ပထမဆုံးခြေလှမ်း လှမ်းခဲ့တော့သည်။

ကျောင်းဝင်းဟာ ကျောင်းသားတွေရဲ့ တက်ကြွတဲ့စွမ်းအင်တွေနဲ့ပြည့်လျှမ်းနေသည်။ ရှည်လျားတဲ့နွေရာသီအားလက်ရက်အပြီးမှာ ပြန်ဆုံတွေ့ကြသူတွေ၊ ပထမဆုံးအကြိမ်တွေ့ဆုံကြသူတွေနှင့် အသစ်ဝင်လာသူတွေရဲ့ ကျောင်းဝင်းထဲမှာလမ်းပျောက်တာတွေကိုကြည့်ရင်း အလိုလိုပြုံးမိသည်။ သူမကိုယ်တိုင်လည်း ကျောင်းဝင်းမြေပုံကို လိုအပ်တာထက်ပိုမို တင်းကျပ်စွာဆုပ်ကိုင်ရင်း အဆောက်အအုံတွေနားမှာ ရယ်မောနေကြတဲ့ကျောင်းသားအုပ်စုတွေကြားမှာ ယောင်လည်လည်ဖြစ်လျက်ပင်။

ဒါက နှစ်ချီပြီးစောင့်နေခဲ့ရသည့် အခိုက်အတန့်တစ်ခု။ အတိတ်ကနေ လွတ်မြောက်နိုင်ဖို့ တစ်ခုတည်းသောအခွင့်အလမ်းဖြစ်ပြီး မိဘမဲ့တစ်ယောက်ရဲ့ အမြဲတမ်းသနားစရာသတ္တဝါတစ်ကောင်အဖြစ် အကြည့်ခံရမှုတွေကို ဖယ်ရှားနိုင်ဖို့ လမ်းစတစ်ခုလည်းဖြစ်သည်။ Featherland မှာ သူမဟာ မည်သူမဆိုဖြစ်လာနိုင်ပြီး ဒီကဘယ်သူကမှ သူမရဲ့နောက်ကြောင်းရာဇဝင်ကိုမသိကြဘူး။ ဒါကို သူမ လိုချင်ခဲ့တာပါ။

Hidden PlaysWhere stories live. Discover now