Nice Try

359 14 7
                                    

အယ်လီနာ စာကြည့်တိုက်က ထွက်လာတော့ ညနေ နေဝင်လုဆဲအချိန်ဖြစ်သည်။ မိုးကောင်းကင်သည် လိမ္မော်ရောင်နှင့် ပန်းရောင်တို့ ရောစပ်ပြီး ပတ္တူစတစ်ခုပေါ်တွင် ဆေးခြယ်ထားသလို အဖိုးတန်၏။ ဝက်သစ်ချပင်များမှလာသော လေကောင်းလေသန့်များက အယ်လီနာ ရဲ့ဖြောင့်စင်းတဲ့ အနက်ရောင်ဆံပင်များကို ဆော့ကစားလို့နေပေသည်။ ကျောင်းဝင်းကို ဖြတ်လျှောက်စဉ် သူမရဲ့အပေါ်ထပ်အင်္ကျီကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အစောပိုင်းက တင်းမာခဲ့တဲ့ ဆွေးနွေးပွဲကို ပြန်လည်တွေးနေမိသည်။

လူစီယမ် ဟာ သူမတို့အငြင်းပွားမှုအပြီးမှာ စကားအများကြီးမပြောခဲ့ပေမဲ့ သူထွက်သွားခါနီး သူမကိုကြည့်တဲ့ပုံစံက စိတ်ပျက်စရာကောင်းသည်။ သူသည် သူမရဲ့ အားနည်းချက်ကိုစောင့်ကြည့်နေသလိုခံစားရပြီး ထိုအရာနဲ့ သူမကို နင်းခြေဖျတ်စီးပစ်ချင်နေသည့် နတ်ဆိုးတစ်ကောင်၏ အကြည့်မျိုး... ဒါက သူမအတွက် အန္တရာယ်သတိပေးချက်တစ်ခု...။ သူလိုလူက သူမဘဝကို ဟန်ချက်ပျက်အောင် လုပ်ခွင့်မပေးနိုင်ပါ။ ဒါကြောင့် သူ့ကိုသူမလမ်းကြောင်းပေါ်ကနေ ကန်ထုတ်မှဖြစ်တော့မည်။

ထိုအချိန်တွင် ဖုန်းမှ နိုတီသံက အိတ်ကပ်ထဲမှထမြည်သည်။ ထုတ်ကြည့်လိုက်တော့ လိုင်လာ ရဲ့အမည်က အထင်းသားပေါ်နေ၏။

လိုင်လာ : "အယ်လီနာ ငါ Student lounge ကိုသွားမလို့ နင်လာမှာလား"

(Student lounge ဆိုတာ ကျောင်းတွင်းအဆောင်တွေမှာရှိတဲ့ နားနေခန်းပါ။ Indoor Activities Game မျိုးစုံရှိပြီး ထိုင်ခုံတွေနဲ့ အနားယူလို့ရတဲ့နေရာမျိုးပါပဲ)

အယ်လီနာ ဟာ မက်ဆေ့ချ်ကိုကြည့်ရင်း သွားရင်ကောင်းမလား စဉ်းစားမိသည်။ သူမ အိပ်ခန်းကိုပြန်သွားပြီး စာလုပ်နေချင်ပေမယ့် အခြားတစ်ဖက်မှာ သူမရဲ့စိတ်ရှုပ်ထွေးစရာကိစ္စတွေကနေ အနားယူပြီး သူမရဲ့စိတ်ကို ရှင်းလင်းချင်နေတာပါ။

အယ်လီနာ : "အိုကေ ၇ နာရီကျရင် လာခဲ့မယ်"

-

အယ်လီနာ ရောက်တဲ့အချိန်မှာတော့ Student lounge တွင် လူများရှုပ်ယှက်ခက်နေသည်။ ကျောင်းသားတွေဟာ ဆိုဖာတွေပေါ်မှာ အေးအေးဆေးဆေးထိုင်ကာ ကော်ဖီသောက်ရင်း စကားပြောနေကြသည်။ အခြားသူတွေကတော့ အနောက်ဘက်က ဘိလိယက်စားပွဲနားမှာ စုရုံးနေကြသည်။ ဒါက သူမအတွက် သက်တောင့်သက်သာရှိတဲ့ မြင်ကွင်းတစ်ခုဆိုပေမဲ့ ဒီညတော့ တစ်ခုခု လွဲမှားနေတယ်လို့ခံစားမိသည်။

Hidden PlaysWhere stories live. Discover now