Making line in the sand

425 14 4
                                    

လူစီယမ်နဲ့တွေ့ပြီးကတည်းက အယ်လီနာတစ်ယောက် သူမရဲ့နှလုံးခုန်နှုန်းကိုတောင် သူမ မပိုင်ဆိုင်တော့ပေ။ သူ့အရိပ်က သူမကိုလုံးဝလွှမ်းမိုးနေသလိုခံစားရသည်။ သူမ ရုန်းမထွက်နိုင်တဲ့ အရိပ်မည်းကြီးတစ်ခုပေါ့။ ထိုမကောင်းဆိုးဝါးတစ်ကောင်ဘေးမှာ ထိုင်နေရတာက သူမအတွက် အကြီးမားဆုံးအိပ်မက်ဆိုးကြီးလိုပါပဲ။ သူ ထိုင်ခုံမှာလှုပ်ရှားလိုက်တိုင်း သူမ ရင်ခုန်သံတွေမြန်လာရသည်။ ကြာရင်နှလုံးရောဂါရတော့မယ်ထင်ပါသည်။ ဘာကြောင့်မှန်းမသိ သူ သူမကိုကြည့်နေတယ်လို့ခံစားမိတိုင်း သူမ စိတ်ထဲလေးလံလာရသည်။

အယ်လီနာ သူမ ဘေးမှ ပြဿနာကောင်ကိုဂရုမစိုက်တော့ပဲ သူမရဲ့မှတ်စုစာအုပ်ကိုသာကြည့်ရင်း စာသင်နေတာကိုအာရုံစိုက်လိုက်သည်။ ဒါပေမဲ့ သူမ သူ့ကို လျစ်လျူရှုဖို့ကြိုးစားလေလေ သူ့ကိုပိုပြီးအာရုံစိုက်မိလေလေပါ။ သူ သူမကို လုံးဝရူးသွားအောင်လုပ်နေတာလား။

နေ့လည်ခင်းတစ်ခုမှာ အယ်လီနာ တစ်ယောက်တည်း စာကြည့်တိုက်ထဲမှာထိုင်နေပြီး သူမရှေ့မှာ MacBookကိုဖွင့်ထားကာ သူမရဲ့အလုပ်ကို အာရုံစိုက်ဖို့ကြိုးစားနေသည်။ စာဖတ်စရာတွေ အများကြီးရှိနေပေမဲ့ သူမစိတ်က လူစီယမ် ဆီ ရောက်နေပြန်သည်။ စာသင်ခန်းထဲမှာ လူစီယမ် သူမကို လှောင်ပြောင်သွားတာကို ပြန်အမှတ်ရမိသည်။

*စိတ်မပူပါနဲ့ ငါမင်းကို မကိုက်စားပါဘူး*

ထိုဆိုးရွားတဲ့မှတ်ဉာဏ်ကို ခေါင်းထဲမှစွန့်ထုတ်ပစ်ရန် သူမ မျက်လုံးကိုတစ်ပတ်လည်ဝှေ့ယမ်းလိုက်သည်။ သူက အရမ်းတော်ပါတယ်... သူ သူမကို တော်တော်စိတ်အနှောက်အယှက်ပေးနိုင်ခဲ့တယ်... ဒါပေမယ့် သူမကတော့ သူ့ကို ဒီထက်ပိုပြီး စိတ်အနှောက်အယှက်ပေးဖို့ ခွင့်မပြုနိုင်တော့ဘူး။ သူမရဲ့ နှလုံးသားအက်ကြောင်းငယ်တစ်ခုကို ဖာထေးဖို့ အနာကပ်ပလာစတာတစ်ခု အရေးပေါ်လိုနေခဲ့ပြီ။ သူ့ကြောင့် သူမ စိတ်တွေ ဒီလိုသာဆက်ပြီးပျံ့လွင့်နေမယ်ဆိုရင် သူမရှေ့ရေးအတွက် ခက်ခဲသွားလိမ့်မည်။

"စာကို အာရုံစိုက်စမ်းပါ အယ်လီနာ"
သူမကိုယ်သူမ တိတ်တဆိတ်ကြိတ်ပြီးရေရွတ်လိုက်သည်။

Hidden PlaysWhere stories live. Discover now