Freshers like you are his favorite

459 18 13
                                    

နွေရာသီတစ်ခုရဲ့ ကြည်လင်တဲ့ကောင်းကင်လို အပြာရောင်မျက်လုံးလေးတွေက ဘုရားသခင်ပေးပို့လိုက်တဲ့ လက်ဆောင်မွန်များလား...

ထိုအပြာရောင်မျက်လုံးတွေနဲ့ဆုံလိုက်တိုင်း ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ကို သူပြောလို့ပြတယ်...
ဝေးဝေးလေးနေပါတဲ့။

-

သောကြာနေ့မွန်းလွဲပိုင်းတစ်ခုဟာ သာမန်နေ့ရက်တွေနဲ့မတူခဲ့...

အယ်လီနာ ဟာ တစ်နေ့တာရဲ့နောက်ဆုံးအတန်းချိန်ကနေထွက်လာခဲ့ပြီး သူမရဲ့ကျောပိုးအိတ်ကို ပခုံးတစ်ဖက်မှာလွယ်ကာ ကြိုးနားကြပ်လေး တစ်ဖက်တစ်ချက်စီဖြင့် သီချင်းသံစဉ်တွေထဲမှာ လွင့်မျောလို့နေလေ၏။ ဆောင်းဦးရဲ့အေးမြတဲ့လေထုက ကြည်လင်ပြီးကျောင်းဝင်းကိုဖြတ်လျှောက်စဉ် သူမရဲ့ဘွတ်ဖိနပ်တွေအောက်မှာသစ်ရွက်ခြောက်တို့ဟာ ကြွပ်ကြွပ်ရွရွ...

Birds of a feather, we should stick together, I know
I said I'd never think I wasn't better alone
Can't change the weather, might not be forever
But if it's forever, it's even better

"အယ်လီနာ! ခနနေပါဦး!"

သူမရဲ့ခြေလှမ်းလေးများရပ်တန့်သွားပြီးနောက် အနောက်သို့လှည့်ကြည့်လိုက်စဉ် 'ဂရေဟမ်'ကိုတွေ့သဖြင့် အံ့ဩသွားပြီး နားကြပ်တစ်ဖက်ကို ဆွဲထုတ်လိုက်သည်။ သူမနဲ့ ဂရေဟမ်သည် အတန်းချိန်တချို့တွင် ဆုံဖူး၏။ ဂရေဟမ် ဆိုသည့်ကောင်လေးဟာ ကျောင်းလက်ရွေးစင် ဘောလုံးအသင်းထဲက ကြယ်ပွင့်ကစားသမားတွေထဲက တစ်ယောက်။ ဒါပေမဲ့ သူမတို့နှစ်ဦးက အသိမိတ်ဆွေတွေတော့ မဟုတ်ခဲ့...

"ဘာဖြစ်လို့လဲ"

သူအနားရောက်လာတော့ သူမက ယဉ်ကျေးစွာပြုံးပြရင်းမေးလိုက်တယ်။ ဂရေဟမ် ကလည်း သူမကိုပြန်လည်ပြုံးပြတယ်။ သဘာဝကျပြီး မုသားမပါတဲ့အပြုံးမျိုးပါ။

"ဒီညပါတီကို လာမှာလားလို့ မေးချင်လို့"

အယ်လီနာ မျက်ခုံးကိုပင့်တင်လိုက်ပြီး ရုတ်တရက်ဆန်သော သူ့စကားကြောင့် ထိတ်လန့်သွားမိ၏။

"ပါတီ? ဘာပါတီလဲ"

"ဟုတ်တယ် ဘောလုံးသမားတွေနေတဲ့ Camp House မှာ အောင်ပွဲခံပါတီလုပ်မှာ"

Hidden PlaysWhere stories live. Discover now