Request from Mr.Brooding

442 17 9
                                    

တစ်ညမှာ အယ်လီနာ ဟာ အိပ်ရာပေါ်ထိုင်ပြီး MacBookကိုဖွင့်ထားကာ ကျောင်းသူတစ်ယောက်တာဝန်တွေကို ထမ်းဆောင်နေရသည်။ ကျောင်းပျော်လေး လိုင်လာ ကတော့ သူငယ်ချင်းတစ်ချို့နဲ့ အပြင်ထွက်နေလေရဲ့။ မှတ်စုတွေကိုလှန်လှောကြည့်နေပေမဲ့ သူမစိတ်က စာတွေနဲ့မိုင်ထောင်ချီဝေးနေကွာနေရသည်။ အဘယ်ကြောင့်ဆိုလျှင် သူမရဲ့အကြောင်းပြချက်လေးကြောင့်သာဖြစ်သည်။ ဟုတ်ပါတယ် သူမကိုဒီလိုဖြစ်အောင်လုပ်နိုင်သည့်စေတန်သည် သူတစ်ဦးတည်းသာရှိ၏။ သူမရဲ့ဆင်ခြင်တုံတရားရှိနေသေးတဲ့ အစိတ်အပိုင်းတိုင်းက သူနဲ့ဝေးဝေးနေဖို့ပြောနေပေမဲ့လည်းပေါ့။

ရုတ်တရက် တံခါးခေါက်သံက အတွေးလွန်နေသော သူမလေးကိုလန့်သွားစေသည်။ အဲဒီအချိန်မှာ သူမ နာရီတစ်ချက်ကြည့်လိုက်သည်။ ၁၀ နာရီနီးပါးရှိပါပြီ။ လိုင်လာ သည်လည်း ပြန်လာဖို့အစီအစဉ်မရှိ။ ဒါဆို ဒီအချိန်ကြီး ဘယ်သူက လာလည်မှာလဲ။

"အယ်လီနာ ငါပါ"

တံခါးဆီက လူစီယမ် ရဲ့အသံကိုကြားတော့ သူမ နှလုံးခုန်သံက တဒိန်းဒိန်း...

သူဘာလာလုပ်တာလဲ။

ခဏလောက်တွန့်ဆုတ်နေပြီး တံခါးဖွင့်လိုက်သည်။ သူမရဲ့လက်တွေက တုန်ယင်နေပြီး သွေးခုန်နှုန်းက အသံချဲ့စက်တပ်ထားလေသလား... လွန်စွာကျယ်လောင်၏။ လူစီယမ် က တံခါးရှေ့တွင်ရပ်နေပြီး သူ့လက်တွေကိုဘောင်းဘီအိတ်ကပ်ထဲမှာထည့်ထားသည်။ မျက်နှာချောချောလေးကတော့ ထုံစံအတိုင်း လူသေကောင်မျက်နှာထားပေါ့...

"ဘာ ဘာကိစ္စရှိလို့လဲ"

သူမ အားနည်းနေတာကို ရန်သူကိုထုတ်မပြချင်သဖြင့် သူမ၏ တုန်ယင်နေသောလက်ကလေးများကို ကြောင်တစ်ကောင်လို ဖွက်ထားလိုက်၏။

"ငါ... မင်းရဲ့အကူအညီလိုတယ်"

လူစီယမ် က ရိုးရိုးရှင်းရှင်းပြန်ပြောသည်။ သူမကြားဖူးသမျှထဲမှာ ဒါက အရိုးရှင်းဆုံးဟုထင်ရသည်။ ဘာကြောင့်ဆို သူပြောဖူးသမျှစကားတွေထဲမှာ ဒါက သူမ နားလည်နိုင်သည့်ဘာသာစကားမို့လို့ပင်။

အယ်လီနာ က မျက်ခုံးပင့်ပြပြီး ရင်ဘတ်မှာလက်နှစ်ဖက်ကိုပိုက်ကာ ခပ်တန်းတန်းပြောလိုက်သည်။

Hidden PlaysWhere stories live. Discover now