A game, we don't play

79 7 11
                                    

တနင်္လာနေ့ မနက်တွေမှာ သူ့ကိုရှောင်ဖို့က ထင်သလောက်မလွယ်ကူပေ။ သူမတို့ဟာ အထူးပြု(မေဂျာ)ဘာသာရပ်မတူကြပေမဲ့ ကျောင်းသားတိုင်းအားလုံးသင်ကြားရသည့် Core Subject အင်္ဂလိပ်စာအတန်းတွင် အမြဲတွေ့နေကျဖြစ်၏။

အယ်လီနာ တစ်ယောက် အင်္ဂလိပ်စာအတန်းထဲကို ဝင်လာခဲ့သည်။ သူမရဲ့မျက်လုံးတွေဟာ ထိုင်နေကျ ထိုင်ခုံနေရာကို ရှာနေခဲ့သည်။ ဝင်ဝင်လာချင်းမှာပင် လူစီယမ် ကိုဦးစွာမြင်ရ၏။ သူမထက် စောရောက်နေပြီး သူမရဲ့ နောက်ကခုံတွင် သူထိုင်သည်။ သူသည် သူမရဲ့လှုပ်ရှားမှုတိုင်းကို မျက်လုံးပြာပြာတွေနဲ့ စောင့်ကြည့်နေတတ်သည်။

အနှီကြောက်စရာသတ္တဝါသည် စကားမပြော မလှုပ်မရှားပေမဲ့ သူ့အကြည့်တွေဖြင့်ပင် သူမကို လောင်ကျွမ်းသွားစေနိုင်သည်။ အပြာရောင်မီးတောက်တွေက သာမန်မီးတောက်တွေ ထက်ပိုပြီးအားပြင်းတယ်လေ...

လိုင်လာ က သူမဘေးမှာ ဝင်ထိုင်ပြီး သူမကို ပြုံးစိစိစပ်ဖြဲဖြဲမျက်နှာမျိုးလုပ်ပြသည်။

"နင် သူ့ကို အမြဲတမ်းရှောင်နေလို့မရဘူး" လို့ လိုင်လာက လှောင်ပြောင်တဲ့အသံနဲ့ပြောသည်။

"နောက်ဆုံးတော့ သူ့ကိုရင်ဆိုင်ရတော့မယ်"

အယ်လီနာ က လိုင်လာကို မျက်စောင်းတစ်ခုဖြင့် ဆောင့်ထိုးပေးလိုက်သည်။

"ငါဘယ်သူ့ကိုမှ ရှောင်နေတာမဟုတ်ဘူး"

လိုင်လာ က အပြစ်ကင်းစင်တဲ့မျက်နှာထားဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

"Good Luck ပါ"

အယ်လီနာ သူမရဲ့ မှတ်စုစာအုပ်ကိုဖွင့်ကာ သူမရှေ့က စာမျက်နှာအလွတ်တစ်ခုကို အာရုံစိုက်နေသလို ဟန်ဆောင်ခဲ့သည်။ ဒါပေမဲ့ဘယ်လောက်ပဲကြိုးစားကြည့်ကြည့် လူစီယမ် ရဲ့တည်ရှိမှုကို သူမ လျစ်လျူမရှုနိုင်ခဲ့ဘူး။ သံလိုက်တစ်ခုလို သူမကိုဆွဲငင်ပြီး သူကိုလှည့်ကြည့်ဖို့ စိန်ခေါ်နေသယောင်...

စာသင်ချိန်အပြီးမှာ လူစီယမ် သူမကို မဖမ်းမိခင် အမြန်အဆန်ပဲ ပစ္စည်းတွေ သိမ်းဆည်းပြီး ထွက်ပြေးလာမိသည်။ နောက်ထပ် သူနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို မလိုချင်တော့ဘူး။ ထပ်တွေ့ဖို့အကြောင်းဖန်လာခဲ့ရင်လည်း အဲ့တာက ဒီနေ့တော့မဟုတ်ဘူး။

Hidden PlaysWhere stories live. Discover now