အိပ်ယာပေါ်တွင် လှဲနေသော်လည်း အိပ်၍မပျော်။ ခုံပေါ်တင်ထားသော ရေခဲထုတ်လေးကိုကြည့်ကာ ဒဏ်ရာအကြောင်းတွေးနေမိသည်။ အပြင်မှာ အိပ်ရတာ အဆင်မှပြေရဲ့လားမသိ။အိပ်ယာပေါ်မှဆင်းကာ ဗီဒိုထဲမှ စောင်ပါးလေး တစ်ထည် ထုတ်လိုက်ပြီး တံခါးကို ဖွဖွလေးဖွင့်ကာ ထွက်လာလိုက်သည်။
အမယ်လေး။ ဒါလားသူ့ကို စိတ်ပူလို့စောင့်မယ့်လူ။မျက်လုံးလေးမှာ မှေးရုံလေး မှေးထားသော်လည်း
လူတစ်ယောက်လုံး အနားရောက်နေတာကို သူမသိချေ။ပါးနားရှိ ဒဏ်ရာနားသို့ကျနေသာ ဆံပင်တစ်ချို့ကိုသာသာလေး ဖယ်ပေးလိုက်ပြီးလက်ထဲကိုင်ထားသော စောင်ပါးလေးကိုဖြန့်ချုံပေးခဲ့လိုက်သည်။ Jihoon တို့ အဖြစ်ကတော့ Kwon Soonyoung ကိုတောင် သူက ပြန်စောင့်ပေးရမယ့်သဘော။
------------------------
At 9AM,
မနက်နိုးနိုးချင်းဦးငယ်ဆီကိုဖုန်းလှမ်းဆက်လိုက်သည်။
တီ...တီ...တီ*
ပထမတစ်ခေါက် ဖုန်းဝင်တာတောင် မကိုင်တာကြောင့် ဒုတိယတစ်ခေါက်ထပ်ဆက်လိုက်သည်။
"ဟယ်လို"
"ဟယ်လို ဦးငယ်"
"သူဌေး အိပ်နေသေးလို့ပါ Boss ကျွန်တော် နှိုးပေးရမလားဗျ"
"နေ...နေ... ရတယ် ဒါနဲ့ အခုပြောနေတာက"
"ကျွန်တော် Karu ပါ"
"ဪ .... အိုခေ ... ဦးငယ်နိုးရင် ဖုန်းပြန်ဆက်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ဗျ"
ဖုန်းချလိုက်သည်။ မနက်စောစော Karu က ဦးငယ်နား ဘယ်လိုရောက်နေတာပါလိမ့်။ ပြီးတော့ သူနဲ့ တွေ့ဖူးတဲ့ အချိန်တိုင်းကလည်း ဦးငယ်နှင့် Karu တို့ အပြန်အလှန်စကားပြောတာမမြင်ဖူးတာကြောင့် Karu အသံကို မမှတ်မိချေ။ညက ကိစ္စတွေကို အကြောင်းစုံသိရမှ ဖြစ်မယ်။
ကုတင်ပေါ်မှ ဆင်းကာ ရေချိုးပြီး အဝတ်စားလဲလိုက်သည်။
------------------------
အဝတ်စားလဲပြီး အခန်းပြင်ထွက်လိုက်သော်Sofa ပေါ်တွင် သူ့စောင်ပါးလေးကိုခေါက်လျက်လေးအတိုင်းတွေ့ရပြီးSoonyoung ကိုတော့ မတွေ့ရချေ။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍