အသက်မရှိစွာနဲ့စာသင်ခန်းထဲရောက်လာတော့
"ဘာလို့အဲ့လောက်ကြာနေတာလဲ?တော်သေးတာပေါ့ဆရာမကတော်တော်ကြာမှလာမှာ-" ဆိုပြီးပြောနေတုန်းသူပြောတဲ့စကားကိုလည်းဂရုမစိုက်ဘဲကျော်သွားကာသူ့ခုံမှာသူသွားထိုင်နေလိုက်တာပေါ့။
ဆရာမလည်းရောက်လာပြီးအတန်းစလိုက်ကာနေ့လည်စာမုန့်စားဆင်းချိန်ရောက်တော့
"မင်းဘာဖြစ်နေတာလဲ?ရေကူးပြီးကတည်းကမျက်နှာမှိုင်နေတာ"
"ဪ?ဪ..." ဆိုပြီးအရှေ့လည်းလှည့်ကြည့်လိုက်ကောဂျေးနဲ့ထိပ်တိုက်တွေ့တော့တယ်။
ကြောက်ပြီးသူ့သူငယ်ချင်းအနောက်ကိုဝင်ပုန်းလိုက်ကာ
"ဘာလုပ်တာလဲ?"
"ကာထားပေးပါ" ဆိုပြီးအနောက်ကနေပုန်းရင်းလိုက်ပြီးဂျေးကဖြတ်လျှောက်သွားလေရဲ့။
"တော်ပါသေးရဲ့" ဆိုပြီးဘေးမှာဝင်ရပ်လိုက်ချိန်သူ့အဆောင်ကလင်းလာကာအနောက်ကနေဂျေးကဟီဆွန်းလည်ပင်းကိုကော်ဖီဘူးနဲ့ကပ်လိုက်တော့သည်။
ပူသွားတော့လန့်ပြီးလှည့်ကြည့်လိုက်ကာ
"အအေးမိမှာစိုးလို့" ဆိုပြီးလက်ထဲကိုထည့်ပေးခဲ့ပြီးထွက်သွားတော့တယ်။
"ဘာလုပ်နေတာလဲအဲ့မှာရပ်ပြီး?လာလေ"
"ဪ" ဆိုပြီးကော်ဖီဘူးကိုအနောက်မှာဖွက်ထားပြီးသူ့သူငယ်ချင်းအနားကိုရောက်လာကာ
"ဘာစားမလဲအစားအသောက်တွေအများကြီးရှိတယ်" ဆိုပြီးပြောနေသော်လည်းဟီဆွန်းကဂျေးကိုပဲကြည့်နေတာပေါ့။
ညနေကျောင်းဆင်းတော့
"ငါသွားပြီနော်ကိစ္စရှ်ိသေးလို့" ဆိုပြီးအခန်းထဲကနေထွက်သွားပြီး
"မြန်လိုက်တာ" ဆိုပြီးစာအုပ်တွေကိုလွယ်အိတ်ထဲထည့်သိမ်းလိုက်ကာခုံကနေထလိုက်တော့သည်။
သူ့စိတ်လေးနဲ့သူလမ်းလျှောက်နေတုန်းဂျေးကအနောက်ကနေရောက်လာကာလွယ်အိတ်ကြိုးကိုဆွဲလိုက်လေရဲ့။
ဂျေးမျက်နှာကသူ့မျက်နှာနဲ့အရမ်းနီးသွားတော့ရင်တွေအခုန်မြန်လာကာ
YOU ARE READING
VALUE OF REAL ✓ || Jayhee 🦅🦌
Romance"ရမ္မက်ဆန်ဆန်ပြင်းပြစွာငါမင်းကိုချစ်တယ်ငါ့အချစ်ကိုလက်ခံပေးပါ"