ညတောင်ရောက်နေပြီဖြစ်တာကြောင့်မြန်မြန်ဆေးရုံကိုပြေးသွားပြီးဆေးရုံရောက်တော့ဆေးရုံအရှေ့မှာသနားစရာရုပ်နဲ့အထုပ်တွေအရှေ့မှာထားရင်းဂျေးကထိုင်စောင့်နေလေရဲ့။
"ဂျေး"
"ဆွန်း~~~" ဆိုပြီးပြေးဖက်ကာ
"တောင်းပန်ပါတယ်အကြာကြီးစောင့်လိုက်ရလား?"
"ရပါတယ်ဒါနဲ့ဘာလို့နောက်ကျနေတာလဲ?အချိန်ပိုဆင်းရလို့လား?"
"အဲ့လိုမဟုတ်ပါဘူး...ပြန်ရအောင်လေနောက်ကျနေပြီ"
"ဪ" ဆိုပြီးကပ်ချွဲနေကာ
"အထုပ်မဖို့တော့မစဉ်းစားနဲ့နော်"
"ဪ?"
"ငါပဲသယ်မှာ" ဆိုပြီးအထုပ်တွေကိုသူပဲသယ်ပြီး
"မရဘူးထင်တယ်"
"မရရအောင်လက်ထိတာမှမဟုတ်တာဆွန်းရဲ့ကားတော့ငှားပေးပေါ့နော်"
"ဪ..." ဆိုပြီးကားဂိတ်လည်းရောက်ကော
"တက္ကဆီ" ဆိုပြီးတားလိုက်ကာ
"ဘယ်သွားမှာလဲလူလေးတို့?"
"အိမ်ပဲပြန်မယ်မလား?"
"ငါမင်းအိမ်မှာနေချင်တယ်"
"ဪ..." ဆိုပြီးသူ့အိမ်လိပ်စာကိုပဲထိုတက္ကဆီဦးလေးကြီးကိုပြောလိုက်တာပေါ့။
အိမ်ကိုရောက်တော့
"ပြန်ရောက်ပါပြီဘွားဘွား"
"ဪမြေးလေးလည်းပါလာတာလား?ညစာချက်နေတာနဲ့အတော်ပဲထိုင်ကြထိုင်ကြ"
"ဒီညဒီမှာနေလို့ရမလားဗျ?"
"အိုဟိုးမေးစရာတောင်မလိုပါဘူးကလေးရယ်နေလေရတယ်အားမနာနဲ့ကိုယ့်မိသားစုဝင်တွေလိုပဲသဘောထားပေါ့ကွယ်"
"ဟုတ်ကဲ့ကျေးဇူးပါဗျ"
"ကဲရပါပြီ" ဆိုပြီးညစာချပေးလိုက်ပြီး
"ကောင်းကောင်းစားပါ့မယ်" ဆိုပြီးအတူတူဆုတောင်းကြကာဆုတောင်းပြီးတာနဲ့စစားကြတော့တယ်။ညစာစားပြီးတော့အခန်းထဲမှာနားနေကြပြီး
"ဂျေး?"
"ဪ?"
"ဒီတစ်ပတ်ပိတ်ရက်အားလား?"
"ပိတ်ရက်?ဘာလို့မေးတာလဲ?"
YOU ARE READING
VALUE OF REAL ✓ || Jayhee 🦅🦌
Romance"ရမ္မက်ဆန်ဆန်ပြင်းပြစွာငါမင်းကိုချစ်တယ်ငါ့အချစ်ကိုလက်ခံပေးပါ"