အဆောင်လေးကမီးမလင်းတော့ပဲအရာအားလုံးကအမှောင်ထုထဲကျသွားသလိုမျိုးပေါ့။
အရေးပေါ်အခန်းပွင့်လာပြီးဆရာဝန်တွေလည်းထွက်လာကာ
"အခြေအနေဘယ်လိုရှိလဲခင်ဗျ?"
"၂ရက်လောက်ဆေးရုံတက်ပြီးရင်တော့အကင်းသက်သာသွားပါလိမ့်မယ်နောက်တစ်ခါလူနာကိုမြေပဲမကျွေးဖို့သတိထားပေးပါ"
"ဟုတ်ကဲ့ပါ"
"တော်သေးတာတစ်ခုကအချိန်မှီသွားလို့မသေသွားတာပါလုံးဝဓါတ်မတည့်တာတာမို့လို့အခန့်မသင့်ရင်အသက်ပါပါသွားတတ်ပါတယ်"
"ဟုတ်ကဲ့မှတ်ထားပါ့မယ်"
"ဒါနဲ့ဆွန်းဆိုတာလူနာရှင်လားခင်ဗျ?"
"ဟုတ်ပါတယ်"
"ဪ...သူခနခနအဲ့နာမည်ပဲခေါ်နေလို့ပါအဲ့ဒါကြောင့်ဝင်တွေ့လိုက်ပါဦးလူနာကတော်တော်တွေ့ချင်နေပုံရတယ်" ဆိုပြီးပြောတော့သူနာပြုကကြိတ််ရီလိုက်ပြီး
"အာ...ဟုတ်ကဲ့"
"အဟွတ်"
"တောင်းပန်ပါတယ်ရှင့်"
"ဒါဆိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါဗျ" ဆိုပြီးခေါင်းညွတ်နှုတ်ဆက်လိုက်တော့တယ်။
အခန်းထဲကိုအမြန်ပြေးဝင်သွားလိုက်ပြီးဂျေးကထိုင်နေကာ
"ဆွန်းလေး"
"ဂျေး" ဆိုပြီးပြေးဖက်လိုက်ရင်းငိုလိုက်တော့လေရဲ့။
"ဆုံးရှုံးလိုက်ရပြီထင်နေခဲ့တာငါ့ကြောင့်နဲ့တစ်ခုခုဖြစ်သွားပြီထင်နေခဲ့တာ" ဆိုပြီးငိုနေတော့ဂျေးလည်းပြန်ဖက်ပြီးကျောလေးကိုပွတ်ပေးနေကာ
"တောင်းပန်ပါတယ်တောင်းပန်ပါတယ်" ဆိုပြီးဆက်တိုက်တောင်းပန်နေတော့တယ်။
အငိုလည်းရပ်သွားကောဂျေးကိုထိုင်ကြည့်နေပြီး
"ဘာလို့အဲ့လိုကြီးထိုင်ကြည့်နေတာလဲ?ရှက်တတ်တဲ့သူကလည်းသူများကိုရှက်အောင်ပြန်လုပ်နေတာပဲ"
"..."
"ဆွန်း?ဆွန်းလေး?" ဆိုပြီးခေါ်လိုက်မှမျက်တောင်ခတ်လိုက်ကာ
YOU ARE READING
VALUE OF REAL ✓ || Jayhee 🦅🦌
Romance"ရမ္မက်ဆန်ဆန်ပြင်းပြစွာငါမင်းကိုချစ်တယ်ငါ့အချစ်ကိုလက်ခံပေးပါ"