3

206 19 4
                                    

ကျောင်းပန်းခြံရဲ့မမြင်ရတဲ့တစ်နေရာမှာသွားပုန်းနေပြီး

"ကြောက်တယ်" ဆိုပြီးနားကိုအုပ်ထားကာ

"ငါကဘာလို့ဒီလိုရှက်ဖို့ကောင်းတဲ့အရာကိုမှလုပ်မိရတာလဲ?ဘွားဘွားသားကအမှားလုပ်မိပြီထင်ပါရဲ့" ဆိုပြီးမျက်ရည်တွေတတောက်တောက်နဲ့ကျလာတာပေါ့။

ဂျေးကရောက်လာပြီး

"ဆွန်း?ဆွန်းလေး?" ဆိုပြီးအော်ခေါ်နေတုန်းနားပိတ်ရင်းထိုင်နေတဲ့ဟီဆွန်းကိုမြင်သွားကာအနားကိုရောက်လာတော့တယ်။

ဟီဆွန်းလည်း‌မော့ကြည့်လိုက်ပြီးဂျေးကထိုင်ချလိုက်ကာလက်ကိုဖယ်လိုက်ရင်းပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးနေတာပေါ့။

"တောင်းပန်ပါတယ်ငါကပဲတောင်းပန်ပါတယ်" ဆိုပြီးနူးနူးညံ့ညံ့လေးခေါင်းကနေကိုင်ဆွဲရင်းရင်ခွင်ထဲထည့်လိုက်ကာကျောလေးကိုပုတ်ပေးနေတော့တယ်။

"ငိုချလိုက်ပါမတင်းထားဘဲနဲ့" ဆိုပြီးပြောတော့ငိုချလိုက်ပြီးတင်းတင်းကြပ်ကြပ်ဖက်ထားကာ

"ရှက်စရာအကောင်းဆုံးအမှားမျိုးကိုလုပ်မိသွားလားဟင်?ဘာလို့လူတိုင်းက..."

"ဟင့်အင်းတကယ်တမ်းဆိုအဲ့လိုလုပ်တဲ့သူတို့လုပ်ရပ်ကမှပိုပြီးတောင်ရှက်စရာကောင်းတာ"  ဆိုပြီးနှစ်သိမ့်ပေးနေလေရဲ့။

"ရော့မင်းအတွက်ဘယ်လူးဘယ်ရီကိတ်" ဆိုပြီးပေးလိုက်ပြီးဟီဆွန်းတစ်ယောက်ဗိုက်ဆာဆာနဲ့အားပါးတရစားပစ်တော့ပါးစပ်မှာပေပွသွားတော့တာပေါ့။

"ဟားဟားပါးစပ်မှာပေကျံနေပြီငါသုတ်ပေးမယ်" ဆိုပြီးထလာရင်းလက်နဲ့သုတ်ပေးမလို့လုပ်‌နေတာကို

"ရတယ်ကိုယ့်ဘာသာသုတ််မယ်" ဆိုပြီးပါးစပ်တဆူဆူနဲ့ချစ်ဖို့ကောင်းအောင်လုပ်နေတဲ့ဟီဆွန်းကြောင့်စိတ်ပြောင်းသွားပြီးပါးစပ်တစ်ဝိုက်ပေနေတဲ့ခရင်မ်တွေကိုလျှာနဲ့လျက်လိုက်တော့တယ်။

ခနတာကျောက်ရုပ်ဖြစ်သွားပြီး

"ချစ်ဖို့ကောင်းအောင်လုပ်ပြနေတာကိုး" ဆိုပြီးမသိမသာလေးပြုံးလိုက်ရင်းခုံမှာထိုင်လိုက်ကာ

VALUE OF REAL ✓ || Jayhee 🦅🦌Where stories live. Discover now