နောက်တစ်ပတ်ရဲ့ပိတ်ရက်ကျတံခါးခေါက်လာတဲ့ဟီဆွန်းကြောင့်
"လာပြီ" ဆိုပြီးကြမ်းသုတ်တံကိုချလိုက်ပြီးတံခါးဖွင့်ပေးလိုက်ကာ
"ဝင်လာလေဆွန်း" ဆိုပြီးပြောတော့ဝင်လာလေရဲ့။
"သန့်ရှင်းရေးလုပ်နေတာ"
"ဪ..."
"ဆွန်းရောက်လာတာနဲ့အတော်ပဲတစ်နေရာလိုက်ခဲ့ပါလား?"
"ဘယ်ကိုလဲ?"
"ပြစရာရှိလို့ခနလေးဒါလေးအပြီးသတ်လိုက်ဦးမယ်"
"ဪ" ဆိုပြီးထိုင်စောင့်နေကာသန့်ရှင်းရေးလုပ်လို့လည်းပြီးကောအဝတ်အစားသွားလဲလာပြီး
"သွားမယ်" ဆိုပြီးလက်ကိုဆွဲသွားတော့တယ်။
ကြောင်တောင်တောင်နဲ့ပါသွားပြီးမှတ်တိုင်ရောက်တော့
"ရောက်ပြီ"
"ဒီနေရာလား?"
"ဪ" ဆိုပြီးထသွားကာဟီဆွန်းလည်းလိုက်ထတာပေါ့။
"အရှေ့ကနေသွား" ဆိုပြီးပြောတော့ပြောတဲ့အတိုင်းကြောင်တောင်တောင်နဲ့အရှေ့ကနေသွားလိုက်ကာဂျေးကအနောက်ကနေမျက်လုံးကိုလက်နဲ့အုပ်လိုက်လေရဲ့။
"ကိုကိုဘာလုပ်တာလဲ?"
"လမ်းလျှောက်သွား" ဆိုပြီးပြောတဲ့အတိုင်းဆန်းတစ်ဝါးဝါးနဲ့လျှောက်သွားပြန်ပြီး
"အရှေ့မှာခွကျော်ရမယ့်ဟာရှိတယ်" ဆိုပြီးဆက်တိုက်ပြောပြပေးနေကာ
"ရပ်တော့" ဆိုပြီးပြောလိုက်ချိန်ရေစီးဆင်းသံတွေအကျယ်ကြီးကြားနေရတာပေါ့။
လက်ကိုဖယ်လိုက်ပြီး
"ဖွင့်မကြည့်နဲ့ဦး" ဆိုပြီးပြောတော့ပိတ်ထားကာခနလောက်ကြာမှ
"ဖွင့်တော့ရပြီ" ဆိုပြီးပြောလိုက်တော့တယ်။
မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီးလှပတဲ့မေဗယ်အရွက်တွေကကြွေကျနေကာနှင်းတွေကလည်းကျနေခဲ့တာပေါ့။
"လှလိုက်တာ" ဆိုပြီးသဘောတွေကျနေကာသစ်ပင်နားကိုရောက်သွားပြီးသစ်ရွက်တွေကိုခုန်ဆွခုန်ဆွနဲ့လိုက်ဖမ်းနေတော့တယ်။
YOU ARE READING
VALUE OF REAL ✓ || Jayhee 🦅🦌
Romance"ရမ္မက်ဆန်ဆန်ပြင်းပြစွာငါမင်းကိုချစ်တယ်ငါ့အချစ်ကိုလက်ခံပေးပါ"