The Hidden Moon
ကျွီ.....
တိတ်ဆိတ်ကျယ်ဝန်းနေသောအခန်းကြီးအတွင်းတံခါးဖွင့်သံဟာမြည်ဟည်းလို့။
ထိုတံခါးသံနောက်မှခြေလှမ်းများအားဖြည်းဖြည်းချင်းလှမ်းလာသောOmegaလေးဟာထိုအခန်းထဲမလာချင်တဲ့ပုံစံဖြစ်လို့နေသည်။Jisungကတကယ်တော့ဦးလေးJohoonနဲ့ပက်သက်သမျှကိုမတွေ့ချင်၊မမြင်ချင်၊မထိချင်သူတစ်ယောက်မို့လို့သူမလာချင်တဲ့အထဲသူအခုရောက်နေသောဦးလေးJohoonရဲ့စာဖတ်ခန်းလည်းအပါအဝင်ဖြစ်လိမ့်မည်။သူ့တစ်ကိုယ်လုံးတအားကိုတုန်ယင်နေခဲ့ပြီးတစ်ခါမှမခေါ်စဖူးသူ့ဦးလေးမှလာခဲ့ဖို့အမိန့်ပေးတာကြောင့်ကြောက်စိတ်ကပိုးပြီးကြီးစိုးနေခဲ့သည်။သူကိုယ်တိုင်ရပ်နေသောနေရာရှေ့မှကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေသူအားစေ့စေ့တောင်မကြည့်ရဲဘဲjisungခေါင်းငုံ့နေရသည်။
ခေါ်ရတဲ့အကြောင်းအရင်းကိုလည်းJisungကြိုခန့်မှန်းပြီးသားဖြစ်၏။တင်းကြပ်လာသောအသံရှူသံများကိုသာဖြေလျှော့ဖို့အရင်ကြိုးစားခဲ့ရသည်။
"ဦးလေးကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ...."
"အင်းးးးး"
သံရှည်စွဲပြီးပြန်ပြောသောအေးစက်စက်စကားသံဟာJisungနားထဲတဝဲလည်လည်သာဖြစ်နေတယ်။သို့ပေမဲ့Jisungသူ့ပုံစံကိုအတတ်နိုင်ဆုံးထိန်းထားတယ်။ဦးလေးရှေ့မှာသာပျော့ညံ့ပြရင်သူကတသက်လုံးပျော့ညံ့သူအဖြစ်အထင်သေးခံရမှာ။အဲ့လိုလုံးဝအဖြစ်မခံနိုင်ဘူး.....။
"Han jisung....မင်း!!"
ကွန်ပျူတာကိုဘေးချကာသူ့အားမျက်စိဒေါက်ထောက်စိုက်ကြည့်နေသောဦးလေးကိုJisungခပ်စူးစူးလေးပြန်စိုက်ကြည့်ပေးလိုက်သည်။ရိုင်းတဲ့အထဲပါသော်ငြားဦးလေးလိုလူမျိုးကအဲ့လိုအသေးအမွှားတွေကစလိုက်ဂရုစိုက်နေတာမှမဟုတ်ဘဲ။ပြောနေသောစကားရပ်တန့်သွားသောဦးလေးကJisungရဲ့စူးရဲရဲမျက်ဝန်းပြာတို့အားမဲ့ပြုံးတစ်ခုဖြင့်တုန့်ပြန်ကာ...
"Lee Minhoဆိုတဲ့Alphaနဲ့သူငယ်ချင်းလုပ်နေတယ်ဆို"
ထင်တဲ့အတိုင်းပါပဲ။အေးတိအေးစက်စကားလုံးတွေကနာကျည်းစရာကောင်းနေသော်လည်းနှစ်ချီစွာငြိမ်ခံရလာသောဂျီဆောင်းအတွက်မမှုတော့ပေ။
YOU ARE READING
𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐌𝐨𝐨𝐧(𝕊𝕂ℤ 𝔽𝔽)
Fanfiction✎|♡ကိုယ်အတိတ်ဆိုးကအမှတ်တရတွေကိုမစွဲလန်းပါဘူး...။မင်းနဲ့ပျော်ရွှင်ရတဲ့လက်ရှိအချိန်တွေကိုပဲမြတ်နိုးတာ...📷 |✿ Written in Burmese ( Uni+ Zaw) Skz FF By AirenLin