_____________________
The Hidden Moon
တစ်ချို့သောဖြေရှင်းမရတဲ့ပုစ္ဆာတွေဟာခက်ခဲတယ်။နက်နဲတယ်...။ဆန်းကြယ်သလိုရှုပ်ထွေးတယ်။သို့ပေမဲ့အရာအားလုံးဟာပုစ္ဆာတစ်ခုရဲ့ခေါင်းစဉ်ကိုသိလိမ့်လျှင်ပြေလည်သွားလိမ့်မည်။ခေါင်းစဉ်တပ်မရသောပုစ္ဆာဖြစ်နေလျှင်ကော??
ရှုပ်ထွေးရင်းနက်နဲရင်းနဲ့ပဲသံသရာဟာလည်နေဆဲ။
ယခုလေးတင်ဖုန်းဆက်ပြီးခဲ့သောထိုလူကြောင့်Jisungမှာသူ့ဈေးခြင်းတောင်းလေးကိုတောင်Felixဆီအပ်ခဲ့ပြီး....သုတ်ခြေတင်သောခြေလှမ်းများနှင့်သာအနီးအနားရှိ....တာလမ်းမကြီးဆီပြေးလွှားနေရသည်။
ဘာကိစ္စများအနားမှာနေပေးဖို့ကိုယ်တိုင်လက်ခံခဲ့မိတာလဲတွေးမရခဲ့။အဲ့တုန်းကလည်းJisungကိုယ်တိုင်ပဲမဆိုင်းမငံ့ပြန်ဖြေခဲ့မို့ကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်။
သူငယ်ချင်းအချင်းချင်းဟုအကြောင်းပြချင်သော်လည်းသူငယ်ချင်းဆိုသူမှာသူအရင်ကစိတ်တိုဆဲဆိုခဲ့သောအရှုပ်ထုပ်တစ်ယောက်ဖြစ်နေလေတယ်။ခင်တာကြာပြီလို့ဆိုနိုင်ပေမဲ့....Alphaတစ်ယောက်အတွက်နဲ့သူကအချိန်ကုန်ဆုံးပေးရတာလည်းအဓိပ္ပါယ်မဲ့နေသလိုပဲ။
စိတ်အစုံကတော့ထိုသူ့ဆီရောက်ရန်ဖိအားများစွာပေးနေခဲ့တယ်။စိုးရိမ်တုန်လှုပ်မှုတွေကလည်းအေးစက်ခြောက်ကပ်သောအသံကြားပြီးကတည်းကမပြေပျောက်သေး....။Lee Minhoကြောင့်သူ့ခံစားချက်များကတစ်ဖြည်းဖြည်းရှုပ်ထွေးလာသည်။
Lee Minhoကသူ့ကိုဘာဖြစ်စေချင်နေတာလဲ!!
အမောတကောပုံပျက်ပန်းပျက်နဲ့သူ့ပုံစံဟာကြည့်မကောင်းခဲ့.....။
လှမ်းနေခဲ့သောခြေလှမ်းများရပ်တန့်သွားခဲ့သည်မှာခြေ၅လှမ်းအဝေးလောက်ကကားနက်ကြီးကိုမှီရပ်နေသောသူကြောင့်......။ပျက်ယွင်းဖျော့တော့နေသောမျက်နှာဟာမှမျက်ဝန်းသေများဟာမြေကြီးပေါ်မှသစ်ရွက်ခြောက်များကိုစိုက်ကြည့်နေခဲ့ပြီးလက်ပိုက်၍ခြေထောက်များကသစ်ရွက်များကိုတရှပ်ရှပ်တိုက်ချနေတယ်။
YOU ARE READING
𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐌𝐨𝐨𝐧(𝕊𝕂ℤ 𝔽𝔽)
Fanfiction✎|♡ကိုယ်အတိတ်ဆိုးကအမှတ်တရတွေကိုမစွဲလန်းပါဘူး...။မင်းနဲ့ပျော်ရွှင်ရတဲ့လက်ရှိအချိန်တွေကိုပဲမြတ်နိုးတာ...📷 |✿ Written in Burmese ( Uni+ Zaw) Skz FF By AirenLin