The Hidden Moon
မနက်မိုးလင်းနေထွက်ချိန်ကသာယာလွန်းလှသည်။ဒီနေ့ကကျောင်းပိတ်ရက်မို့နေမြင့်သည်အထိအိပ်ယာထဲမှမထသောMinhoတစ်ယောက်ပျင်းတိပျင်းရွဲ့ဖြင့်အိပ်ယာထဲလူးလိမ့်နေသည်။
လူကနိုးနေသော်လည်းခန္ဓာကိုယ်ကမထချင်။
အရင်တုန်းကဆိုသူကအဲ့လောက်အပျင်းကြီးသူမဟုတ်သော်ငြားယနေ့တွင်တော့အတော်ကြီးပျင်းနေကြောင့်ကိုယ်တိုင်လည်းသတိထားမိ၏။အမေ့ရဲ့အလုပ်အချို့ကိုကူညီပေးရန်အတွက်မထချင်လည်းထရပြန်အုံးမည်။
အိပ်ယာပေါ်မှာခပ်ဖြည်းဖြည်းဆင်းကာလုပ်စရာရှိတာလုပ်၍ပြင်ဆင်တော့၏။
Minhoတို့အိမ်မှာအမေရယ်၊သူရယ်နှစ်ယောက်ပဲရှိသည်။နောက်ဆုံးကျန်ရှိခဲ့သောမိသားစုဝင်နှစ်ဦးဆိုလည်းမမှားပေဘူး။အမေ့ကသူ့အစစအရာရာကိုငယ်ငယ်တည်းကစောင့်ရှောက်လာတာမို့သူ့အတွက်အမေကအဖေဆိုလည်းဟုတ်တယ်။အမေဆိုလည်းဟုတ်တယ်။ဒါပေမဲ့လည်းMinhoကအမေ့စကားတသွေမတိမ်းလိုက်နားထောင်နေသောသားအလိမ္မာလေးမဟုတ်ဘူး။အမေ့အနားလည်းသူများသားအမိတွေလိုကပ်တွယ်မနေမိဘူး။သူတို့နှစ်ယောက်စိမ်းနေခဲ့တာကြာပြီ.....။အတိအကျဆိုရလျှင်လွန်ခဲ့သော၁၇နှစ်ကသူ့ဘဝကိုအမှောင်အတိဖြစ်သွားစေတဲ့ကိစ္စတစ်ခုဖြစ်ပြီးကတည်းက........။
မတွေးချင်တဲ့အတွေးတစ်ချို့ကိုခေါင်းထဲမှခါထုတ်လိုက်ပြီးLaptopကိုပိုက်ကာအိမ်အောက်ထပ်သို့ဆင်းလာခဲ့၏။
ယနေ့ကပိတ်ရက်ဆိုသော်ငြားညနေစောင်းအချိန်လောက်တွင်Jisungနဲ့ချိန်းထားတာလေးရှိသည်။
Music Clubကသီချင်းအသစ်အကြောင်းဆွေးနွေးဖို့တဲ့....။ထိုကိစ္စကိုMinhoကပဲSeniorတို့ဆီအကူအညီတောင်းကာအစပြုလိုက်တာဖြစ်ပြီးဘုမသိဘမသိJisungကတော့အင်းအဲသာလုပ်လေတယ်။နှစ်ယောက်တည်းတွေ့ခွင့်ရရန်အတွက်စီစဉ်ထားသောသူ့ရဲ့အကြံဆိုလည်းမမှား။
Music Club ထဲအဖွဲ့ဝင်လိုက်ရတာအတွက်သူ့မှာပိုပြီးတော့ပင်ဂုဏ်ယူလို့မဆုံးပင်.....။"Minho....."
ဆိုဖာပေါ်တွင်ထိုင်ကာTVကြည့်၍သစ်သီးစားနေသောအမေကအောက်ထပ်ဆင်းလာသောသူ့ကိုလှမ်းခေါ်ခြင်းသာ။
YOU ARE READING
𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐌𝐨𝐨𝐧(𝕊𝕂ℤ 𝔽𝔽)
Fanfiction✎|♡ကိုယ်အတိတ်ဆိုးကအမှတ်တရတွေကိုမစွဲလန်းပါဘူး...။မင်းနဲ့ပျော်ရွှင်ရတဲ့လက်ရှိအချိန်တွေကိုပဲမြတ်နိုးတာ...📷 |✿ Written in Burmese ( Uni+ Zaw) Skz FF By AirenLin