Ep-5

39 9 0
                                    

The Hidden Moon







1:15 p.m

24နာရီဖွင့်ထားသောဆိုင်ရှေ့ကခုံတန်းလေးပေါ်တွင်ထိုင်ကာငြိမ်နေသူတစ်ဦး။လက်ထဲရောက်နေသောကော်ဖီပူနွေးနွေးဘူးအားမှင်သေသေစိုက်ကြည့်နေမိသည်။ညချမ်းအခါတိုက်ခတ်နေသောလေပြေအေးအေးတွေရဲ့အနှစ်သာရကိုလည်းမခံစားမိတော့။ဘေးပတ်ဝန်းကျင်ကိုလည်းအာရုံထဲထည့်မထားခဲ့..!!!
စိတ်ထဲဗလာနယ်သက်သက်သာရှိသူHyunjinမှာအကြောင်းပြချက်မဲ့စွာကော်ဖီဘူးကိုပဲစိုက်‌ကြည့်နေမိတယ်။
သူအခုလုပ်လိုက်တဲ့အရာတွေကမှန်လားမှားလားမခွဲခြားနိုင်ခဲ့ဘူး။
ဒီတိုင်းသူစိတ်ဖြေဖျောက်နိုင်စေမဲ့လမ်းကိုရွေးလိုက်တာ....။
ဖြစ်လာမယ့်အကျိုးဆက်ကိုမေ့ထားရင်းပေါ့......။

ခနကြာတော့စားစရာကိတ်မုန့်တစ်ချို့နဲ့ကော်ဖီနောက်တစ်ဗူးအားယူလာ‌သောFelixကHyunjinဘေးတွင်ဝင်ထိုင်လိုက်သည်။
Felixရဲ့အရင်လိုမဟုတ်ဘဲတည်တံ့နေပြီးစိုးရိမ်မှုများပါဝင်နေသောမျက်နှာထားကHyunjinကိုစိတ်ထင့်စေတာအမှန်ပါပဲ။

တူတူထိုင်နေသောညီအစ်ကိုနှစ်ယောက်ဟာနှစ်ချီကြာစွာမထိတွေ့ခဲ့တော့ငယ်ငယ်ကသံယောဇဉ်အရိပ်‌အယောင်တွေတောင်ပြန်လွမ်းမိသလိုပဲ....။တိတ်ဆိတ်ပြီးခက်ခဲလွန်းတဲ့အခြေအနေဟာသူတို့နှစ်ဦးအတွက်နေရခက်စေတယ်။Lixစိတ်ထဲမှာသူ့ရှေ့ကပြန်ဆုံတွေ့ရသူဟာပိုပြီးလှလာပြီးပိုပြီးလည်းရင့်ကျက်လာသယောင်ဖြစ်လာတာမို့စိတ်ထဲမှာကြည်နူးလှိုင်းလေးဖြစ်သွားသလိုမျိုးHyunjinလည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။

အေးတိအေးစက်စကားဝိုင်းကိုအချိန်ကြာစွာမဖြစ်တည်စေချင်တာမို့တိမ်ဝင်သောအသံတိုးတိုးဖြင့်Felixစကားစလိုက်သည်။

"ကျွန်တော်.....အခုချိန်မှာHyungကိုအံ့ဩမိတာတွေ၊ပြောစရာတွေ၊မေးချင်တာတွေ၊ဆူငေါက်ချင်တာတွေအများကြီး‌ရှိနေမယ်ဆိုတာ...Hyungရိပ်မိလောက်မှာပါ..။"

အရည်လဲ့ရွန်းနေသောမျက်ဝန်းမှိန်မှိန်တွေနဲ့Hyunjinသူ့ညီလေးကိုလှည့်ကြည့်မိသည်။သို့ပေမဲ့မကြာလိုက်သောအချိန်တိုအတွင်းမှာစေ့စေ့မကြည့်ရဲသောမျက်နှာရှေ့တွင်သူ့မျက်လွှာများကိုချထားမိသည်။

𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐌𝐨𝐨𝐧(𝕊𝕂ℤ 𝔽𝔽)Where stories live. Discover now