Ep-7

44 9 3
                                    

              

               The Hidden Moon

ရပ်နေသောဇိမ်ခံကားလေးထဲတွင်ထိုင်နေသူနှစ်ဦး။
ကားထဲမှာနှစ်ယောက်လုံးဘာစကားမှမပြောဘဲတိတ်ဆိတ်နေကြတယ်။နှစ်ယောက်လုံးဟာပြောစရာစကားတွေပျောက်နေပုံရသည်။Lover seatတွင်ထိုင်နေသောOmegaမှာဆိုအဲကွန်းကားခန်းထဲဇောချွေးများပြန်‌နေ၏Driver seatတွင်ထိုင်နေသောAlphaဟာလည်းနေရခက်တဲ့ပုံဖြင့်ကားရှေ့မှန်တည့်တည့်သာစိုက်ကြည့်နေပြန်သည်။နှစ်ယောက်လုံးရဲ့မျက်နှာတွေဟာကြည်လင်ပြီးပြုံးယောင်သန်းနေတာတော့ဖုံးဖိမရပေ။

အကြာကြီးဝေးခဲ့ရသူနှစ်ဦးပြန်ဆုံခဲ့ရ၍များလား..??

"ဘယ်တုန်းကပြန်ရောက်နေတာလဲBin??..."

"သိပ်မကြာ‌သေးဘူး.....Appaရောဂါနဲ့ဆုံးတော့ငါလည်းကိုးရီးယားကိုအခြေချဖို့ပြန်ရောက်လာတာ..."

"အာ.....မင်းAppaအတွက်တော့ငါစိတ်မကောင်းဘူးbin...။"

"သူသေခြင်းတရာကိုရင်ဆိုင်ရမယ့်အချိန်ကျရောက်လို့ပါ....။ဒါကလက်ခံရမှာပဲလေ..."

"အွန်းအွန်း...."

အတန်းဖော်ဖြစ်တဲ့သူနဲ့ခွဲကာဂျပန်ကိုပြောင်းသွားတဲ့အထိအဖေရဲ့အမိန့်ကိုတသွေမတိမ်းလိုက်နာတဲ့သားဖြစ်သူBinလည်းအတော်လေးဝမ်းနည်းမှာFelixရိပ်မိပါတယ်။ChangBinကမိဘကိုသိပ်တွယ်တာတဲ့သားအလိမ္မာလေး.......။

"ငါမရှိတဲ့အတောအတွင်းမင်းကောင်းကောင်းကြီးလာတာပဲ....။လှလည်းလှလာတယ်သိလားLix.."

"သတောင်းစား‌လေး....မြှောက်မနေစမ်းနဲ့"

သူ့ရဲ့အဆဲစကားကိုရှေ့မှBinကထရယ်ပါတော့တယ်။သူကိုယ်တိုင်လည်းလိုက်ရယ်မိတယ်ထင်၏။Binရဲ့အပြုံးတွေကသိပ်ချိုတာ....ဘေးနားကသူ့ကိုတောင်အပျော်ကူးစက်သွားစေသလိုမျိုး....။
ပြီးတော့လည်းအမြဲတမ်းခပ်တည်တည်နေတတ်တဲ့Changbinရဲ့အပြုံးတွေကိုတွေ့ရဖို့ဆိုတာသိပ်ရှားတာ...။ဒါပေမဲ့သူနဲ့နှစ်ယောက်တည်းရှိချိန်ဆိုရင်တော့အမြဲစိတ်လိုလက်ရပြုံးရယ်တတ်တယ်။သူသဘောအကျရဆုံးအချက်လေးပေါ့။

"Bin....."

"ပြောလေLix..."

နှစ်ဦးသားအချင်းချင်းစိုက်မကြည့်ပဲရှေ့ကိုသာငေးနေကြတယ်။Felixရဲ့အသံခပ်ဩဩနဲ့ခေါ်‌သံလေးဟာChangBinအတွက်တော့အချိုသာဆုံးသံစဉ်ပါပဲ.....။အရင်ကအသံလေးကိုခုတော့သူ့ရှေ့မှာပင်ပြန်ကြားခွင့်ရခဲ့သည်။Lixကအတည်ပြောချင်နေပုံရတာမို့သူငြိမ်နေလိုက်တယ်....။Lixကသူစကားကိုအလေးအနက်ထားပြီးပြောတဲ့အချိန်တွေဆိုအခြားသူ‌သေချာနားထောင်ပေးမှကြိုက်တာသူခုထိမမေ့သေးဘူး။

𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐌𝐨𝐨𝐧(𝕊𝕂ℤ 𝔽𝔽)Where stories live. Discover now