"ပစ္စည်းမှားပို့သွားတာပဲ.."ဆိုဟီးက အလုပ်သွားတော့ဖို့အခန်းအပြင်ကိုထွက်လာတော့ တံခါးဖွင့်ဖွင့်ချင်းမှာ တံခါးရှေ့ကကြမ်းပြင်ပေါ်မှာရှိနေတဲ့ ပါဆယ်တစ်ထုတ်ကိုတွေ့လိုက်ရတယ်။ ပါဆယ်က သူ့ဟာ မဟုတ်ချေ။
ရှေ့ခန်းက ကောင်လေးရဲ့ ပစ္စည်းဖြစ်ပါလိမ့်မည်။ ကြည့်ရတာ အိမ်ရှင်မိုက်ကယ်လ်က အခန်းမှားပြီးလာပေးသွားပုံရတယ်။ဆိုဟီးက ပါဆယ်ထုတ်ကို ကောက်ကိုင်လိုက်ပြီး ရှေ့ခန်းကိုသွားကာ တံခါးကို နှစ်ချက် ဆင့်ခေါက်လိုက်၏။
ဘာမှတုံ့ပြန်သံမလာ။
ဆိုဟီးက နောက်ထပ် တစ်ချက်ကို ခေါက်ဖို့ လက်အရွယ်မှာ အခန်းပိုင်ရှင်ကောင်လေးက တံခါးကိုဖွင့်လာတော့တယ်။ဆိုဟီးရဲ့နူတ်ခမ်းပါးပါးဟာ အနည်းငယ်ဖွင့်ဟသွားရတဲ့ အကြောင်းအရင်းက ရှေ့ခန်းက ကောင်လေးရဲ့ မျက်နှာကို အနီးကပ်မြင်လိုက်ရလို့လေ။ ထိုကောင်လေးရဲ့ နာမည်ကို ဆိုဟီးသေချာမသိပါ။
ပြီးတော့ ရှေ့က သူ့ထက်အရပ်မိုးထိုးနေတဲ့ကောင်လေးက သူခေါက်လိုက်တဲ့ တံခါးသံကြောင့် နိုးလာပုံရတယ်။
"အာ ဆောရီး အိပ်နေတာလား..ဒီမှာ မင်းပစ္စည်းထင်တယ်..အစ်ကို့အခန်းရှေ့မှာလာချထားလို့"
ဆိုဟီးက လက်ထဲက ပါဆယ်ထုတ်ကို ရှေ့ကကောင်လေးရှေ့ကိုထိုးပေးလိုက်သည်။ သူ့တာဝန်လဲပြီးပြီဆိုတော့ ဆိုဟီးက ပြုံးရုံဆိုရုံမျှ ခပ်ပြေပြေ အပြုံးနဲ့အတူ ပြောလိုက်၏။
"ဒါဆိုလဲ ဆက်အိပ်လိုက်ပါဦး"
ရှေ့ခန်းက ကောင်လေးဟာ ဆိုဟီးကို ခေါင်းတစ်ချက်ညိမ့်ပြီးသာ တုံ့ပြန်ပြီး အခန်းထဲကိုပြန်ဝင်သွားခဲ့လေသည်။
အဲ့နေ့က ရှေ့ခန်းမှာနေတဲ့ကောင်လေးရဲ့ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်ခြင်းပဲ။
နောက်တော့မှ အိမ်ရှင်ဖြစ်သည့် မိုက်ကယ်လ်ဆီမှ သိလိုက်ရတာက ထိုကောင်လေးနာမည်က အီချန်းယောင်းတဲ့။🍯
ပဲရစ််မြို့ပေါ်မှာ အလုပ်လုပ်ရသည် ဆိုတာက ထင်သလိုရော မထင်သလောက်ရော မလွယ်ကူ။ အလုပ်တစ်လှည့် အိမ်ကိုပြန်တစ်လှည့်နဲ့ ရက်ပေါင်းများစွာကို ဖြတ်သန်းနေရတာ အနည်းငယ်ငြီးငွေ့ဖွယ်။
YOU ARE READING
My Artist
FantasyHe drew a picture of my face and asked if he could love me 🍯Written In Burmese (mini story)