"ပန်းချီကားရပြီ ..အစ်ကိုကြည့်ချင်ပြီလား""အွန်းပြတော့! အရမ်းစိတ်လှုပ်ရှားနေပြီ ဘယ်လိုလုပ်ရမလဲ"
ဆိုဟီးက အမှန်အကန်စိတ်လှုပ်ရှားနေတာဖြစ်ပြီး ပထမဆုံးပုံတူ ပန်းချီကားကိုရမှာဆိုတော့ ပျော်လဲပျော်တယ်။
ပြီးတော့ ချန်းယောင်းရဲ့လက်ရာမို့ အများကြီး မျှော်လင့်နေမိတယ်။"ဒီမှာ..."
ချန်းယောင်းက ဘောင်မသွင်းရသေးတဲ့ ပန်းချီကားကို ဆိုးဟီးရဲ့ပုံတူပန်းချီကားကို ဆိုးဟီးကိုပြလိုက်တော့တယ်။ ပြီးတော့ ဆိုးဟီးရဲ့ ရီအက်ရှင်ကို သေချာစောင့်ကြည့်နေပြီး အကြည့်က ဆိုးဟီးမျက်နှာမှ မခွါတော့ပေ။
"အစ်ကိုကြိုက်လားဟင်.."
"..."
ဆိုးဟီးက ဘာစကားမှမပြောနိုင်၊ ပန်းချီကားပေါ်က သူ့ပုံတူပန်းချီးကို တစ်အံ့တစ်ဩကြည့်နေ၏။
"ချန်းယောင်း.."
ဆိုဟီးက ဒီအတိုင်းခေါ်လာတဲ့ နာမည်မှာ ချန်းယောင်းက သံရှည်ဆွဲကာ ထူးတယ်။
"ဗျာ..."
"မင်းကတော်လိုက်တာ!"
ချီးကျူးမှုခံလိုက်ရတဲ့အခါ ချန်းယောင်းက ခေါင်းငုံ့ကာပြုံးပြီး ခပ်ပြေပြေရယ်မိတော့တာပဲ။
"ဒါဆို အစ်ကို သဘောကျတယ်ပေါ့"
"မကျစရာ ဘာအကြောင်းရှိလို့လဲ"
ဆိုးဟီးက ပန်းချီးကားပေါ်ကဆေးအနံ့တွေကိုရှူရှိုက်ကာ နမ်းကြည့်လိုက်တယ်။ ဒါသူဝယ်ပေးထားတဲ့ ဆေးရည်တွေပဲဖြစ်လိမ့်မည်။
"အစ်ကို သဘောကျလို့တော်သေးတာပေါ့! ကျွန်တော့်ကို ထပ်ပြီး မချီးကျူးတော့ဘူးလား"
"ဟင်..အောန်..တော်တယ်၊ မင်းက အတော်ဆုံးပဲ"
ဆိုးဟီးက လက်မထောင်ပြတော့ ချန်းယောင်းက ဆိုးဟီးရဲ့ ထိုလက်မလေးကို လာကိုင်တော့တယ်။ ဆိုးဟီးက ကြောင်သွားတော့ ချန်းယောင်းက
"အစ်ကိုလက်မက ချစ်ဖို့ကောင်းလို့" တဲ့။
နည်းနည်းရူးကြောင်ကြောင်တော့နိုင်သည်။
YOU ARE READING
My Artist
FantasyHe drew a picture of my face and asked if he could love me 🍯Written In Burmese (mini story)