4

88 16 17
                                    



ချန်းယောင်းကCanvaရှေ့မှာထိုင်နေတာအတော်ကြာပြီဖြစ်၏။ မျက်လုံးတွေကရှေ့မှာထောက်ထားတဲ့Canvaပေါ်က ပန်းချီပေါ်မှ မရွေ့လျား။ ဆေးပန်းချီအရောင်တွေကိုရောစပ်ပြီး ခြယ်ဖြန်းထားတဲ့ ဆေးရောင်ဟာ လှပ၏။မျက်တောင်မွှေးညှင်းကအစအနုစိပ်ပြီး အကြည့်တွေက အသက်ဝင်နေသလို ပန်းချီကားဟာလက်ရာမြှောက်တယ်။

ချန်းယောင်းက ပန်းခြံတစ်ခုထဲတွင် မနက်ခင်းကတည်းက ညနေစောင်းတဲ့အထိ ဒီပန်းချီကားအပေါ်ကိုအချိန်ပေးနေခဲ့တာ။ ပန်းခြံထဲက ကလေးတွေရဲ့ပြေးလွှားဆော့ကစားသံတွေ၊ လေတိုက်လို့ သစ်ရွက်အချင်းချင်းပွတ်တိုက်ရှက်ပြေးသံတွေ ပြီးတော့ လူတွေရဲ့ရယ်မောသံတွေ။

အဲ့ဒါတွေက အာရုံစူးစိုက်မှုတစ်ခုကိုပျက်ယွင်းစေနိုင်တာမှန်ပေမဲ့ သဘာဝဆန်မှုကိုလဲဖော်ပြနေတယ်မဟုတ်ပါလား။ ပန်းချီကားတစ်ချပ်ဆိုတာ သဘာဝပါပဲ။

အချောသတ်ပြီးဖြစ်တဲ့ပန်ချီးကားရဲ့အောက်ဆုံးနားမှာ ချန်းယောင်းက သူ့နာမည်နှင့်လက်မှတ်ကိုထိုးလိုက်ပြီး ရက်စွဲကိုလဲရေးဖို့မမေ့။ ချန်းယောင်းက သူအချိန်ယူဆွဲထားရတဲ့ပန်းချီကားကို စစ်ဆေးပြီးတဲ့နောက်မှာ ကျေနပ်အားရတဲ့အပြုံးတစ်ခုက နူတ်ခမ်းထက်မှာပေါ်လာခဲ့သည်။

ချန်းယောင်းက သိမ်းစရာရှိတဲ့ပစ္စည်းတွေကိုသိမ်းလိုက်ပြီး လက်ထဲကပန်းချီကားကို ပြခန်းထဲမှာ ထားရမည်ဟုတွေးမိတာကြောင့် အိမ်ကိုမပြန်တော့ပဲ သူ့ရဲ့ပြခန်းရှိရာကိုဦးတည်လိုက်၏။ မကြာသေးခင်ကမှ ပြခန်းပိုင်ရှင်ဖြစ်သွားတဲ့ချန်းယောင်းက အသက်ငယ်ငယ်လေးနဲ့ ပန်းချီပညာမှာ အရည်အချင်းပြည့်ဝမှုရှိတာကြောင့် ဒီလိုအသက်အရွယ်နဲ့ ပြခန်းဖွင့်နိုင်တာ မထူးဆန်း။

ချန်းယောင်းက ပြခန်းထဲကိုဝင်သွားတော့ ပြခန်းမန်နေဂျာ ဂျိုးဆက်က နူတ်ဆက်လာ၏။ ထို့နောက် လက်ထဲက ပန်းချီးကားကို ဂျိုးဆက်အား ပေးလိုက်ပြီး သေချာသိမ်းထားဖို့မှာကြားလိုက်သည်။ ပန်းချီတွေကို လာကြည့်တော့တဲ့သူတွေမရှိတော့ရင် ပြခန်းကိုစောပိတ်ဖို့ကိုလဲ ပြောလိုက်၏။


My Artist Where stories live. Discover now