5

131 28 28
                                    



"နံရံပေါ်ကပန်းချီကားတွေက မင်းဆွဲထားတာလား"

ဆိုဟီးကသူ့အပေါ်ကိုအုပ်မိုးရက်သားဖြစ်နေတဲ့ ချန်းယောင်းကို အကြည့်လွှဲကာ ခေါင်းကို ဘေးတစ်စောင်းအနေအထားပြောင်းရင်း နံရံပေါ်ကပန်းချီကားတွေကို မေးငေါ့ကာမေးလိုက်သည်။ ဆ်ိုဟီးက ဒီတိုင်းနေရခက်တဲ့အခြေနေကို ဖျေဖြန်လိုက်ရုံသာ။

ချန်းယောင်းက အခန်းပိုင်ရှင်ဖြစ်သည့်တိုင် ဆိုဟီးအကြည့်ပို့လိုက်တဲ့ နံရံကို အတူတစ်ကွလိုက်လှည့်မကြည့်ပါပဲ ဆိုဟီးကိုသာ ငုံ့ကြည့်ရင်းငုံ့ကြည့်မြဲ ဖြေသည်။

"မဟုတ်ဘူး..Claude Monetရဲ့လက်ရာတွေလေ.."

"ဟုတ်လား..လှလိုက်တာ"

"ဟုတ်ပါရဲ့..အတော်လှတယ်"

ဆိုဟီးရဲ့ အကြည့်တွေက ချန်းယောင်းဆီမှာ ရှိမနေပေမဲ့လို့ မျက်လုံးထောင့်မှတစ်ဆင့် ချန်းယောင်းက သူ့ကိုကြည့်ရင်းဖြေလိုက်တာကိုသိလိုက်ရ။ ဆိုဟီးက အခုလေးတင် ရေချိုးပြီးတာတောင်မှ အိုက်စပ်စပ်ဖြစ်လာရတာမို့ အနေကျဉ်းကျပ်လာရ၏။

လည်ချောင်းတစ်လျှောက်လုံးခြောက်သွေ့လာရသလို မူမမှန်နေတဲ့နှလုံးခုန်သံကြောင့်လဲ ဦးနှောက်ကဗလာဖြစ်တော့မည်။ ထို့ကြောင့်ဆိုဟီးကလှဲနေရမှ အနည်းငယ်လှုပ်လှုပ်ရှားရှားပြုမူမိတော့ ချန်းယောင်းကလဲ ဒီတစ်ခါမှာတော့ အလိုက်တစ်သိ ဆိုဟီးပေါ်မှ ဖယ်ပေးလိုက်တော့သည်။

စက္ကန့်ပိုင်းလောက် နှစ်ယောက်ကြားတွင်တိတ်ဆိတ်မှုဖြစ်ပေါ်လာပြီးနောက် ဆိုဟီးက အရင် စကားစသည်။

"ဒီနေ့အတွက် ကျေးဇူးနော် ချန်းယောင်း..မဟုတ်ရင်အစ်ကိုတစ်ယောက်တည်းဂယက်ထနေမှာ"

ဆိုဟီးကရယ်ရင်းကုတင်ပေါ်မှ ထရပ်လိုက်ကာ

"ဒါဆို အစ်ကိုအခန်းထဲပြန်တော့မယ်လေ"

"နေ..နေပါဦး.."

ဆိုဟီးရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလာတဲ့ ချန်းယောင်းက မဆိုသလောက် အလျင်လိုသွားသယောင်။

ဆိုဟီးက သူ့လက်ကောက်ဝတ်ပေါ်က ချန်းယောင်းရဲ့လက်ကို အကြည့်ပို့ထားပြီးနောက် ချန်းယောင်းကို အမေးမျက်လုံးတွေနဲ့ပြန်ကြည့်မိသည်။

My Artist Where stories live. Discover now