2

81 20 11
                                    



"ဒါကို သူကြိုက်လောက်မှာပါနော်"

ဆိုဟီးက လက်နှစ်ဖက်လုံးမှာ ကိုင်ထားတဲ့ ဆေးပန်းချီဗူးတွေနှင့် စုတ်တံမျိုးစုံပါရှိသည့်အိတ်ကို ကိုင်ကာ ပြောလိုက်တယ်။ တစ်ယောက်ယောက်ကို အကြံတောင်းသလိုလိုနဲ့ ကိုယ့်ကိုယ့်ကိုယ်သာမေးလိုက်ခြင်း။

ဆိုဟီးက ချန်းယောင်းရဲ့ ပန်းချီပြပွဲကိုမသွားဖြစ်ခဲ့ပါ။ အဲ့အစား ချန်းယောင်းလိုအပ်လောက်မယ့် ပန်းချီဆေးနှင့်စုတ်တံကို ဆိုဟီးကရွေးနေတာ။ အလုပ်မှအပြန် အိမ်ကိုတန်းမပြန်ပဲ လာဝယ်ပြီး ရှေးဟောင်းပန်းချီကားတွေချိတ်ဆွဲထားတဲ့ဆိုင်တွေမှာ ရောင်းတဲ့ ဆေးရည်တွေက ပိုအရည်အသွေးကောင်းတယ်လို့ ဆိုဟီးက အင်တာနက်မှတစ်ဆင့်ရှာဖွေသိထားခဲ့တာမို့။

ဆိုဟီးက အိမ်ပြန်ရောက်ရင် ဒီညလဲ အိမ်မှာသူတစ်ယောက်တည်းရှိနေလိမ့်မယ်လို့တွေးထားတာ။ ဒါပေမဲ့ အိမ်သော့ကိုဖွင့်စရာမလိုအောင် အိမ်ထဲမှာလူရှိနေတယ်။ ပြီးတော့ အသားကိုကင်ထားတဲ့အနံ့အချို့က ဧည့်ခန်းထဲကိုပါ သင်းပျံ့နေတယ်။

ချန်းယောင်းက အိမ်မှာရှိနေတာပဲ။ ဆိုဟီးက မီးဖိုချောင်ထဲမှာ steakချက်ပြုတ်နေတာမို့လို့ ဆိုဟီးက အံ့ဩသွားတာပေါ့။ ချန်းယောင်းကို ဒီလိုပုံစံမျိုးနဲ့မှ မမြင်ဖူးပဲလေ။
ချန်းယောင်းက အိမ်နေရင်းဝတ်စုံကိုသာ ဝတ်ထားတာကြောင့် တစ်နေကုန်အိမ်မှာပဲရှိနေတာဖြစ်ကြောင်း သက်သေ။

"အစ်ကိုပြန်လာပြီလား"

"အင်း..ဘာတွေချက်နေတာလဲ"

Steakလုပ်နေတာမြင်ရဲ့သားနဲ့ မေးရတာတော့ နည်းနည်းရူးကြောင်ကြောင်နိုင်တယ်။

"L'Entrecôte လေ..ကျွန်တော် အစ်ကို့အတွက်ပါ ပြင်ထားတာ အင်္ကျီလဲပြီး ပြန်ဆင်းလာခဲ့လေ နော်"

ဆိုဟီးရဲ့ မျက်ခမ်းတွေက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ချန်းယောင်းကတော့ ဒယ်ပြားပေါ်က အမဲသားကင်နေတာကို ပြန်အာရုံစိုက်နေ၏။ တစ်ဖက်မီးဖိုပေါ်မှာပဲ ဆီစစ်ထားတဲ့ အာလူးကြော်ချောင်းများလဲရှိနေသေးတယ်။

L'Entrecôte က အမဲနံရိုးကြားထဲက အသားကို အထူးအသားပေးလှီးဖြတ်ထားတဲ့သဘောပဲ။ သူ့အသားက နူးညံ့ပြီး ပဲရစ်မြို့ပေါ်ကလူတွေရဲ့ အသဲစွဲပေါ့။

My Artist Where stories live. Discover now