3

98 19 7
                                    



"အစ်ကို ဒီကိုဘယ်သူတွေနဲ့လာဖူးလဲ"

ချန်းယောင်းက Eiffel towerကိုမော်ကြည့်ပြီး ဆိုဟီးကိုမေးတဲ့အခါ ဆိုဟီးက Eiffel Towerကိုငေးကြည့်နေရင်းမှ ချန်းယောင်းဘက်ကို ခေါင်းစောင်းလာ၏။

"ပဲရစ်ကို စစရောက်ချင်းတုန်းကတော့ တစ်ယောက်ယောက်နဲ့လာဖူးတယ်"

ချန်းယောင်းက ဆိုဟီးရဲ့စကားကြောင့်မသိမသာ မျက်ခုံးနှစ်ဖက်ကိုတွန့်ကွေးမိသွားသည်။တစ်ယောက်ယောက်ဆိုတဲ့ စကားလုံးအသုံးနူန်းက ဘာကိုပြောချင်တာပါလိမ့်။

မည်သူမည်ဝါနဲ့ လာခဲ့ပါတယ်ဆိုတာကို ဖော်ပြချင်ပုံမရ။
ဒါပေမဲ့ အဲ့ဒါက ချန်းယောင်းရဲ့ သိချင်စိတ်ပြင်းပြမှုကို ပိုမိုတောက်လောင်စေသည်။

ချန်းယောင်းကဖြင့် Eiffel Towerရှေ့ကို ပန်းချီဆွဲဖို့ အတွက်ပဲ လာဖူးတာကို။

"ဘယ်သူနဲ့လာတာလဲ"

ချန်းယောင်းရဲ့ မရဲတစ်ရဲအမေးက personalကိုဝင်စွက်ဖက်သလိုဖြစ်သွားသလားမသိတာကြောင့် မျက်တောင်တွေက အနည်းငယ်လှုပ်လှုပ်ရှားရှားရယ်။ဆိုဟီးပြန်ဖြေမယ့်စကားကို မသိမသာစိတ်ဝင်စားမှုရှိနေတဲ့မျက်ဝန်းတွေကတော့ လိမ်မရ။

ဆိုဟီးက သဘောကျသွားကာ တစ်ချက်မျှပြုံးရယ်လိုက်ပြီး ချန်းယောင်းကိုကြည့်ကာ ဖြေလာ၏။

"ရည်းစားဟောင်း" နဲ့တဲ့။

ချန်းယောင်းက ဘာပြန်ပြောရမှာလဲ..အံ့ဩသွားဟန် အာမေဋိတ်အသံ အာ..လို့ပဲ အသံထွက်ပြရမှာပေါ့။

"အစ်ကို့မှာ ရည်းစားဟောင်းရှိမှန်းမသိခဲ့ဘူး"

ဒီတစ်ခါမှာတော့ ဆိုဟီးက အသံထွက်တဲ့အထိရယ်မိတော့တာ။

"ဒီအသက်အရွယ်ပဲရောက်နေပြီချန်းယောင်းရယ်..ရည်းစားထားဖူးတာပေါ့"

ဆိုဟီးကခေါင်းတစ်ခါခါနဲ့ပြောတော့ ချန်းယောင်းက အံ့ဩမှုတွေပြည့်တက်နေတဲ့မျက်လုံးနှစ်ဖက်က ပြူးကြည့်လာတာမို့လို့ ဆိုဟီးက အပြုံးတွေကိုရပ်တန့်လိုက်ပြီး မျက်လုံးခပ်ကျဉ်ကျဉ်းလေးတွေကဝိုင်းတက်သွားတော့သည်။

My Artist Where stories live. Discover now