နောက်နေ့မနက်နိုးလာတော့ ခြေထောက်တွေကအခန်းပြတင်းမှမြင်နေရသော ခြံတံခါးအဖြူလေးစီအလျင်အမြန်လျှောက်သွားမိသည်။
စန္ဒယားက ရှိနေသေးတာပဲ။ဟိုကောင်လေးကိုတော့မတွေ့။ကျောင်းသွားရအုန်းမှာမို့ ရေမြန်မြန်ချိုးအဝတ်အစားလဲပြီးတာနဲ့ အိမ်တံခါးတွေသေချာပိတ်ကာ ကျောင်းသို့သုတ်ခြေမှီပြေးရတော့သည်။
" ငါတို့်မကြာခင်အလုပ်ခွင်ကိုယ်စီဝင်ရတော့မှာ
အမှတ်တရဖြစ်အောင် တစ်ခုခုလုပ်ကျမလား "စာအုပ်ဖတ်နေရင်းမှထိုသို့ထပြောလာတဲ့ Tej ကြောင့်သူတောင် ကြောင်သလိုလိုဖြစ်သွားရသည်။
အထူးအဆန်းပါလား သူ့လိုလူဆီကဒီလိုစကားမျိုးကြားရတော့လဲ ..." ဟေး Pond မင်းမျက်လုံးတွေငါသိတယ်နော်
ငါ့ကိုဘယ်လိုဝေဖန်နေတာလဲ တစ်ကယ်တော့ငါကအမှတ်တရဖြစ်ချင်လို့ ကုသိုလ်တစ်ခုခုလုပ်ချင်တယ်ပြောတာပါကွ "" မသိပါဘူး မင်းမဟုတ်တာတွေလျှောက်လုပ်အုန်းမလားလို့ "
Tej က Pond တက္ကသိုလ်ပထမနှစ်မှာစတွေ့ခဲ့ပြီး အခုနောက်ဆုံးနှစ်ရောက်တဲ့အထိ ခင်ရတဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။သူဟာ ပုံမှန်ဆိုစကားနည်းတဲ့လူဆိုပေမဲ့ Tej နဲ့တွေ့ရင်တော့ သူ့ဘက်အရင်စနောက်၊ရန်စတာတွေပါလုပ်တက်သည်။
" ငါနေခဲ့တဲ့ဂေဟာမှာဒီပိတ်ရက်ကျ ပွဲတော်တစ်ခုလုပ်မယ်ကြားထားတယ် Hua Hin နားလောက်ပဲ ကလေးတွေလဲများတော့ကွာ တစ်ခုခုကူလို့ရအောင်သွားကျမလား "
Tej ကမိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူကြီးပြင်းလာတဲ့နေရာကိုတော့ဘယ်တော့မှမမေ့သူဖြစ်သည်။
သူတို့ခင်ခဲ့ကျတဲ့သက်တမ်း ၂ နှစ်လောက်ကြာတော့မှ Tej ကသူ့ကိုဖွင့်ပြောလာခဲ့တာ။အခုလက်ရှိအတူနေနေတဲ့ မိဘတွေဟာသူ့မိဘအရင်းတွေမဟုတ်ကြောင်း၊နောက်ပြီးသူက ၁၅ နှစ်အရွယ်လောက်မှာမွေးစားခံခဲ့ရကြောင်းကိုပေါ့။Pond ခေါင်းငြိမ့်လိုက်ပြီး
" အင်း သွားတာပေါ့ "

YOU ARE READING
My Lovely Pianist
Fanfictionမင်း အိပ်မက်ကိုဖျက်စီးလာမဲ့အရာမှန်သမျှ အကုန်ဖယ်ရှားပစ်နိုင်တယ်။ အဲ့ဒီ့အရာတွေထဲမှာ ကိုယ်ပါနေရင်တောင်မှပေါ့ ...