မှိုင်းညို့ရိပ်သန်းနေတဲ့ကောင်းကင်နဲ့လေပြင်းတစ်ချို့က Phuwin ကိုအိပ်ရာထဲမှရုန်းထွက်နိုင်ဖို့ဟန့်တားနေကျသည်။
" ကလေးလေး "
အိပ်ချင်စိတ်တစ်ဝက်၊နိုးချင်စိတ်တစ်ဝက်ဖြစ်နေတာမို့ အသံလာရာမျက်နှာလှည့်ရင်းခေါင်းမော့ပြတော့
သူ့ဦးခေါင်းထက်မှ ဆံစတွေတစ်စုံတစ်ယောက်ရဲ့ဆွဲဖွခြင်းခံလိုက်ရသည်။" ကျောင်းမသွားတော့ဘူးလား နောက်ကျနေပြီလေ "
" ၅မိနစ်လောက် ကိုကိုရာ "
အိပ်ချင်မူးတူးနဲ့သူ့ခေါင်းထက်ကလက်ကိုဆွဲချပြီး ရင်ဘတ်ထဲပိုက်ကာပြန်အိပ်ဖို့လုပ်နေတဲ့ Phuwin ကြောင့် Pond မှာဆက်ပြောစရာစကားတွေပျောက်ရပြန်သည်။အဲ့ဒီ့ကောင်လေးက သူ့ကိုအကွက်ပေါင်းစုံနဲ့ ချုပ်နေတာ။
" မရဘူးနော် အခုမထရင်ကိုကို ကျောင်းအပေါက်ဝအထိဆွဲခေါ်သွားမှာ "
စချင်နောက်ချင်လို့ပြောလိုက်တဲ့စကားဆိုပေမဲ့တစ်ကယ်ထထိုင်ပြီးရေချိုးခန်းထဲတန်းဝင်သွားတဲ့ Phuwin ကြောင့် Pond မှာနားမလည်နိုင်ဖြစ်သွားရ၏။နှိုးရခက်တဲ့ကောင်လေးက ကျောင်းပေါက်ဝအထိလိုက်ပို့မယ် လို့ကြားတာနဲ့အိပ်ရာကတန်းထလာတော့တာပဲ။မဟုတ်မှလွဲ သူကျောင်းလိုက်ပို့တာကိုမကြိုက်လို့များလား။ဒါမှမဟုတ် တွေ့နေတဲ့လူရှိတာမသိစေချင်လို့ကြိုရှောင်ချင်တာမျိုးများလား။
Pond အတွေးပေါင်းများစွာတွေးလျက်ရှိကာမနက်စာတောင်အတူမစားနိုင်တော့ပဲကားပေါ်မှာပဲထိုင်စောင့်နေမိ၏။၁၅ မိနစ် လောက်ကြာတော့ အသားညှပ်ပေါင်မုန့်ကိုက်လျက်သားနဲ့အိမ်ထဲမှပြေးထွက်လာတဲ့ Phuwin ကိုမြင်တော့ Pond ကားပေါ်ကချက်ချင်းဆင်းကာကားတံခါးဖွင့်ပေးလိုက်သည်။
ကျောင်းမှတ်တိုင်နားရောက်ခါနီးအထိ Pond ဘက်ကစကားတစ်ခွန်းမှမပြောလာတော့ Phuwin စိတ်ထဲစနိုးစနောင့်ဖြစ်လာကာ မပြောရဲတာမရှိသူပီပီသူ့ဘက်ကပဲစကားစလိုက်၏။
" ကိုကိုကျွန်တော့်ကို စိတ်ဆိုးနေတာလား
ကျွန်တော် အမှားလုပ်ထားတာရှိလို့လားဟင် "

YOU ARE READING
My Lovely Pianist
Fanfictionမင်း အိပ်မက်ကိုဖျက်စီးလာမဲ့အရာမှန်သမျှ အကုန်ဖယ်ရှားပစ်နိုင်တယ်။ အဲ့ဒီ့အရာတွေထဲမှာ ကိုယ်ပါနေရင်တောင်မှပေါ့ ...