" ကိုကိုရေ ကိုကို "
နေ့တစ်နေ့ရဲ့အစကို အဲ့ဒီ့အသံလေးနဲ့အစပြုပြီး နေ့တစ်နေ့ရဲ့အဆုံးသတ်မှာတော့ အဲ့ဒီ့ကောင်လေးရဲ့ စန္ဒယားသံတွေနဲ့အဆုံးသတ်ဖြစ်တယ်။
ဒီအသံက သူနဲ့ Phuwin ကြားကပြိုကျသွားတဲ့ နံရံတွေထဲကတစ်ချပ်သာသာပါပဲ။" လာပြီ တံခါးကိုအဲ့လောက်ခေါက်မနေနဲ့လေ
လက်ဆစ်တွေနာကုန်မှဖြင့် "အခန်းတံခါးကိုဖွင့်လိုက်ချိန် နှာဖျားရှေ့တိုးဝင်လာတဲ့ကိုယ်သင်းနံ့လေးကြောင့် Pond နှုတ်ခမ်းတွေပြုံးယောင်သမ်းသွားသည်။
" ခင်ဗျားက မြန်မြန်မှလာမဖွင့်တာ "
စိတ်မကြည်ရင်မကြည်သလို ခင်ဗျား ဆိုတဲ့နာမ်စားအဟောင်းကိုဒီလိုမျိုးလဲထုတ်သုံးတက်သေးတာ။
" ဒီမှာကြည့်စမ်း "
သူ့ကုတင်ပေါ်မှာထိုင်ရင်း လက်နောက်မှာဖွက်ထားတဲ့စာရွက်ဖြူလေးကိုထုတ်ပြလာလို့ Pond ယူကြည့်တော့ Scholarship လက်ခံရကြောင်းစာရွက်ဖြစ်လို့နေသည်။ Location က London ဆိုပဲ။
နောက်ဆုံးတော့လဲသူရင်တမမနဲ့စောင့်နေခဲ့တဲ့ဒီလိုနေ့ကိုရောက်လို့လာခဲ့ပြီ။
ပျက်းယွင်းစပြုနေတဲ့မျက်နှာကို အရှေ့ကကောင်လေးမရိပ်မိခင် ချက်ချင်းပြင်လိုက်ပြီး" ဂုဏ်ယူလိုက်တာ ကိုယ်ထင်ပြီးသားပါ
မင်းတစ်နေ့ ဒီလိုဖြစ်လာမှာကို "" မေမေလဲ ဒီလိုမျိုးပြောမလားမသိဘူးကျွန်တော်တော့အရမ်းပျော်တာပဲ ဟီး "
စာရွက်ကိုကြည့်လိုက် ပြုံးလိုက်နဲ့ကုတင်ပေါ်မှာလူးလှိမ့်နေတဲ့ Phuwin ဟာ Pond မျက်ဝန်းထဲကမျက်ရည်စတွေကိုတော့မမြင်နိုင်ခဲ့။
" အဲ့လောက်တောင်ပျော်လား "
သူပြောလိုက်တော့မှ တစ်ခုခုကိုသတိရသွားသလို Phuwin ငြိမ်ကျသွားသည်။ဟုတ်တာပဲ သူကျောင်းသွားတက်မဲ့ ၃ နှစ်အတွင်းကိုကိုနဲ့ခွဲနေရမှာဖြစ်သလို ဒီကလူတွေအကုန်လုံးကိုထားခဲ့ရမှာပဲ။
မနက်စောစော တွေ့ခဲ့တဲ့စာတိုက်ကစာရွက်လေးတစ်ရွက်ကြောင့် သူအပျော်ကြီးပျော်ပြီးအရေးကြီးတာကိုမေ့သွားခဲ့တယ်။
![](https://img.wattpad.com/cover/373175635-288-k102002.jpg)
YOU ARE READING
My Lovely Pianist
Hayran Kurguမင်း အိပ်မက်ကိုဖျက်စီးလာမဲ့အရာမှန်သမျှ အကုန်ဖယ်ရှားပစ်နိုင်တယ်။ အဲ့ဒီ့အရာတွေထဲမှာ ကိုယ်ပါနေရင်တောင်မှပေါ့ ...