" အစ်ကို့မှာ ချစ်ရတဲ့လူရှိလို့ပါ "
စာသင်ချိန်တစ်ချိန်လုံးဒီအသံကိုပဲ ပဲ့တင်သံလိုသူ့နားထဲမှာထပ်ခါထပ်ခါကြားနေရသည်။ဘယ်အချိန်ကလဲ။ အဲ့တာထက်ဘယ်သူ့ကိုချစ်နေတာလဲ ...
Phuwin စိတ်ထဲမှာကိုကိုချစ်နေတာဘယ်သူလဲဆိုတဲ့မေးခွန်းကပဲ တဝဲလည်လည်ဖြစ်နေတော့သည်။ခေါင်းစဥ်ရှာမရတဲ့သူ့ရင်ထဲကခံစားချက်ကို အဖြေရှာဖို့မစဥ်းစားပဲ Pond ကိုတခြားသူစီပေးရတော့မှာပါလား ဆိုတဲ့အတွေးကသာ Phuwin ခေါင်းထဲကြီးစိုးနေခဲ့၏။
တစ်ဖက်မှာတော့
" Pond မင်းမျက်နှာဘာဖြစ်နေတာလဲ "
" ငါ့မျက်နှာဘာဖြစ်နေလို့လဲ "
Pond သူ့ပါးပြင်နှစ်ဖက်ကိုပွတ်သပ်ရင်းပြောတော့ Tej က ဟွန့် ဆိုပြီးအသံထွက်သည်အထိလုပ်ကာမျက်စောင်းခဲသည်။
" မှိုရလာတဲ့မျက်နှာနဲ့လေ .. ဘာလဲ မင်းကလေးလေးဆီကအဖြေရလာလို့လား "
" ဟား ဟား ဘယ်ကသာကွာ ဖွင့်တောင်မပြောရသေးတာကို အဖြေရလာတယ်ဆိုတာထက်ဘယ်လိုပြောရမလဲ ငါ့အပေါ်ထားတဲ့သူ့ခံစားချက်လေးကိုရိပ်မိသွားရုံပါ "
File အချို့ကိုဗုံးထဲကနေ စားပွဲခုံပေါ်တင်ရင်းခပ်ပြုံးပြုံးပြောတော့ Tej ဆီကနေ ဒီကောင်ဆေးမမှီတော့ဘူးဆိုတဲ့ အကြည့်နဲ့အကြည့်ခံလိုက်ရသည်။
" သဘက်ခါ အဘွားဆီသွားမလို့လိုက်အုန်းမလား "
" မရဘူးထင်တယ် ဌာနမှူးခိုင်းထားတဲ့ Project လတ်စမသတ်ရသေးလို့ "
" အဲ့တာအရှေ့လထဲကပြောထားတာမလား Deadline က ... "
" မနက်ဖြန် ညနေ ၆ နာရီ "
" မင်းကတော့လေအမြဲအနားနီးမှ ကြိုပြီးတယ်ကိုမရှိဘူး နေခဲ့ ကိုယ့်ဘဝနဲ့ကိုယ် "
Pond ဒီလောက်ပြောဆိုနေလဲမနာတက်တဲ့ Tej ကတော့စပ်ဖြဲဖြဲနဲ့သာ။
ညနေ Phuwin ကိုကျောင်းမှကြိုပြီးအပြန်လမ်းတွင် Pond ကပြုံးတုံးတုံးဖြစ်နေသလောက် Phuwin ကတော့တိတ်ဆိတ်လျက်။

YOU ARE READING
My Lovely Pianist
أدب الهواةမင်း အိပ်မက်ကိုဖျက်စီးလာမဲ့အရာမှန်သမျှ အကုန်ဖယ်ရှားပစ်နိုင်တယ်။ အဲ့ဒီ့အရာတွေထဲမှာ ကိုယ်ပါနေရင်တောင်မှပေါ့ ...