နောက်ရက်လောက်ရောက်တော့ မေမေတို့လဲချင်းမိုင်ကပြန်လာကျသည်။ထုံးစံအတိုင်း အဘွားထည့်ပေးလိုက်တဲ့ အသားခြောက်နဲ့အသီးအနှံတွေကြောင့်
သူတို့အိမ်ဧည့်ခန်းထဲမှာခြေချစရာနေရာတောင်မရှိ။
ပစ္စည်းပြန်ထုတ်တာ၊ခွဲခြမ်းချတာနဲ့ နောက်နေ့ ၂ ရက်ရောက်မှပဲအကုန်လတ်စသက်နိုင်တော့သည်။" ကဲ ဒါတွေအိမ်နီးနားချင်းတွေကိုပါသွားပို့ပေးနော် အများကြီးပဲဟာမေမေတို့လဲစားလို့မကုန်နိုင်ဘူး "
" Pang ဒါကိုအိမ်ရှေ့အိမ်သွားပို့လိုက်မယ်နော် မေမေ "
ထိုအသံကိုကြားလိုက်ပြီးနောက် Pond တစ်ယောက်ဆိုဖာပေါ်မှာထိုင်နေရာမှချက်ချင်းထကာ ညီဖြစ်သူလက်ထဲကခြင်းတောင်းကိုဆွဲယူလိုက်သည်။
" ကိုကြီးပဲပို့လိုက်မယ် Pang ကဘေးအိမ်တွေပို့လိုက် "
ထိုတစ်ခွန်းသာပြောပြီးလှည့်ထွက်သွားသော အစ်ကိုဖြစ်သူကြောင့် Pang ရဲ့မျက်လုံးတွေမှေးစင်းသွားကာနားမလည်နိုင်ဖြစ်သွား၏။ထူးဆန်းနေတယ် ... ဘာကထူးဆန်းနေလဲမသိပေမဲ့တစ်ခုခုတော့ထူးဆန်းနေပြီ။
Pond အရှေ့အိမ်ကိုရောက်တော့ခြံတံခါးကပွင့်လျက်သား။အဲ့နောက် အိမ်ထဲမှထွက်လာတဲ့အန်တီနဲ့တိုးသည်။
" Pond ပဲ ဘာကိစ္စရှိလို့လဲသား "
" ချင်းမိုင်ကအဘွားကအသီးအနှံတွေပို့ပေးလိုက်လို့လေ ခြံထွက်အသီးအနှံတွေမို့တစ်ကယ်စားကောင်းတယ် အဲ့တာကြောင့်အန်တီတို့အိမ်ကိုလာပို့ပေးတာပါ "
" ကျေးဇူးပါကွယ် အန်တီလဲပေးစရာရှိနေတာ
လာ အိမ်ထဲဝင်အုန်းနော် "ဒါနဲ့ဆို သူဒီအိမ်ကိုရောက်တာဒုတိယအကြိမ်မြောက်ပေါ့။တွေဝေနေစရာမလိုအောင် မျက်လုံးတွေကတစ်ယောက်သောသူကို လိုက်လံရှာနေမိသေးသည်။
ဟော တွေ့ပါပြီ။ကြမ်းပြင်ပေါ်မှာ ကျကျနနထိုင်ပြီးစာလုပ်နေတဲ့ကောင်လေးကို။
" Phuwin ကိုကိုလာတာကိုဘာလို့မနှုတ်ဆက်ရတာလဲ အဲ့ဒီ့ကောင်လေးကတော့လေသူစာမရတာနဲ့ပဲသူများတွေကိုပါစိတ်မကြည်နေတော့ဘူး "
YOU ARE READING
My Lovely Pianist
Fanfictionမင်း အိပ်မက်ကိုဖျက်စီးလာမဲ့အရာမှန်သမျှ အကုန်ဖယ်ရှားပစ်နိုင်တယ်။ အဲ့ဒီ့အရာတွေထဲမှာ ကိုယ်ပါနေရင်တောင်မှပေါ့ ...