Part-3 & Part-4 Uni/Zawgyi

3.1K 61 4
                                    

❤မာဖီးယားရဲ့မာနမင်းသမီး❤

Part-3

ဒီနေ့က​ကြွေ့ရယ့်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့

ခြံဝင်းထဲမှာလည်းအလှမီးလုံးတွေနဲ့အပြင်အဆင်တွေကသိပ်ကိုလှပလွန်းနေလေသည်။

ကြွေကလည်းpartyပွဲအလည်မှာအဝါရောင်ဂါဝန်တိုလေးနဲ့သိပ်ကိုလှပလွန်းနေလေသည်။

ဆံပင်ရှည်တွေကိုလည်းဖွဖွလေးကပိုကရိုပင့်ထုံးထားလေသည်။

မျက်နှာပေါ်မှာကျနေသည့်ဆံပင်လိပ်လေးတွေကလည်းကပိုကယိုပင်။

ဒူးအုပ်ရုံသာရှည်သည့်အဝါရောင်နှင်းဆီပွင့်ဖတ်ဂါဝန်လေးကခန္ဓာကိုယ်ပေါ်မှာ​သေသပ်လှပစွာနေရာယူလျက်။

မြင်သူတိုင်းလည်ပြန်ငေးရလောက်အောင်လှပလွန်းသည့်နှုတ်ခမ်းဖူးဖူးလေးမှာတော့သူမသိပ်ကြိုက်သည့်အနီရောင်နှုတ်ခမ်းနီကနေရာယူလျက်။

တစ်ချက်ပြုံးလိုက်တိုင်းခွက်ဝင်သွားသည့်ပါးပေါ်ကပါးချိုင့်လေးကလည်းဆွဲဆောင်မှုတစ်မျိုးပင်။

ပွဲအပြင်ကနေသူမကိုရပ်ကြည့်နေသည့်စက်ကိုတော့ဘယ်သူမှမြင်မည်မထင်ပါ။

"Happy Birthday ကြွေ"

မွေးနေ့လက်ဆောင်တွေနဲ့တစ်ယောက်ပြီးတစ်ယောက်ကြွေ့ကိုနှုတ်ဆက်နေလေသည်။

ကြွေလည်းလူတွေအရမ်းများလာတာနဲ့နည်းနည်းမွန်းကျပ်လာတာကြောင့်ပွဲနောက်ဖက်ကိုထွက်လာလိုက်လေသည်။

အနောက်ဖက်ကအနည်းငယ်မှောင်တာကြောင့်ထွက်လာခဲ့သည့်ကြွေမှာအောက်မှာရှိတဲ့အုတ်ခဲကိုမမြင်ပဲတိုက်မိလေတော့သည်။

"အ အို"

သန်မာတဲ့လက်တစ်စုံကလျင်မြန်စွာနှင့်လှဲမကျသွားအောင်ခါးမှာသိုင်းဖတ်ထိန်းထားလိုက်လေသည်။

ကြွေမှာလှဲကျပြီထင်လိုက်ပေမယ့်စက်ရဲ့လျင်မြန်မှုကြောင့်မလှဲကျတော့ပေ။

"မမလေးဒီအတိုင်းပဲနေတော့မို့လား"

စက်ကိုကြောင်ကြည့်နေသည့်ကြွေကိုစက်ကပြောလိုက်မှစက်လက်ပေါ်မှအတင်းထပြီးသူ့အင်္ကျီတွေကိုခါကာမျက်စောင်းထိုးပြီးထွက်သွားလေသည်။

မာဖီးယားရဲ့မာနမင်းသမီးWhere stories live. Discover now