❤မာဖီးယားရဲ့မာနမင်းသမီး❤
Part-5
"ခွမ်း"
စက်အိမ်ပြန်ရောက်တော့အပေါ်ထပ်ကပန်းကန်ကွဲသံတွေကြားလိုက်ရလေသည်။
သူမကိုခေါ်လာပြီးသူ့အခန်းထဲမှာထားခဲ့ကာအလုပ်ကိစ္စပေါ်လာလို့သွားရကာဒီနေ့ညနေပိုင်းလောက်မှပြန်ရောက်လေသည်။သူမဒီလိုတွေလုပ်မယ်ဆိုတာကြိုသိထားတာကြောင့်အိမ်ကိုပြန်ဖို့စိတ်ကလောနေပေမယ့်အလုပ်ကိစ္စတွေကမပျက်နိုင်ပေ။
စက်ကအိမ်တော်ထိန်းဒေါ်မြကိုကြည့်လေတော့
"ကြီးမြက ဟိုလေ သခင်လေးမမလေးကိုခေါ်လာတဲ့အချိန်ကတည်းကထမင်းမစားဘူးပြီးတော့အခန်းထဲကလည်းမထွက်ဘူးထမင်းသွားကျွေးရင်လည်းအကုန်ရိုက်ခွဲပြစ်တယ်"
"ရပြီ"
"အဲ့ဆိုမနေ့ကတည်းကသူမဘာမှမစားရသေးဘူးပေါ့"
စိတ်လေးပူသွားပေမယ့် သူမရဲ့မာနတွေကိုချိုးဖျက်ရအုံးမည်မဟုတ်လား
ထိုကြောင့်အိမ်ပေါ်ထပ်သို့ခြေလမ်းကျဲကြီးတွေနဲ့တက်သွားပြီးသူမအခန်းရှေ့ရောက်တော့သီတာနဲ့ကြည်ပြာ့အသံကြားရလေသည်။
"မမလေးရယ်စားလိုက်ပါနော်ကြည်ပြာထပ်ပြင်လာခဲ့မယ်"
"မမလေးဘာမှမစားရသေးတော့တစ်ခုခုဖြစ်သွားလိမ့်မယ်"
"မစားဘူး သေသွားလည်းနားအေးတာပဲ"
"သွားထွက်သွားကြ"
စက်လည်းတံခါးကိုစောင့်ဖွင့်လိုက်ပြီး
"မင်းအဲ့လောက်သေချင်နေတယ်ပေါ့"
စက်ကိုမြင်တာနဲ့ကြည်ပြာနဲ့သီတာညီအမနှစ်ယောက်ကအနောက်လေးကိုဆုတ်ပြီးခေါင်းငုံ့ထားကြလေသည်။
ကြွေကတော့ဘယ်လောက်များငိုထားသည်မသိဖြူဉဥမျက်နှာသေးသေးလေးကနီရဲပီးမျက်သားတွေဆိုမို့အစ်နေလေသည်။ကြမ်းပြင်ပေါ်မှာလည်းပန်းကန်ကွဲတွေကောထမင်းတွေကောပွကြဲနေလေသည်။
စက်အသံကြားတာနဲ့စူးရဲသောမျက်လုံးနှင့်ကြည့်ပြီး
"ဟုတ်တယ်သေချင်တယ်ရှင့်မိန်းမလုပ်မယ့်အစားသေသွားတာကမှကောင်းအုံးမယ်"

YOU ARE READING
မာဖီးယားရဲ့မာနမင်းသမီး
Fantasía"ကိုယ်babyကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး.....ဒါပေမယ့် တစ်နေ့ နေ့မှာbabyကိုရအောင်ယူမယ်လို့တော့သစ္စာဆိုခဲ့တယ်......အဲ့ဒါbabyကိုသိပ်ချစ်ခဲ့လို့" #အာဏာမင်းစက်+ကြွေပုဏ္ဏမီ #အလွန်း Start to End date-18.7.2024(ပြန်လည်တင်ပြခြင်း)