Part-13 & Part-14 Uni/Zawgyi

2.2K 50 2
                                    

❤မာဖီးယားရဲ့မာနမင်းသမီး❤

Part-13

"Baby"

နှင်းဆီပန်းခင်းကြီးကိုကြည့်နေသည့်ကြွေကိုအနောက်မှခါးကနေသိုင်းဖတ်ကာစက်ကခေါ်လိုက်လေသည်။

"ပြောလေ ကို"

စက်ရဲ့လက်ကိုသူမလက်တွေနဲ့ထပ်အုပ်ကိုင်လိုက်ပြီးပြန်ထူးလေသည်။

"မင်းဒီနှင်းဆီပန်းတွေကိုသိပ်ကြိုက်တာပဲလား"

"ဒါပေါ့ကိုရဲ့"

"ဟော့ဒီအပင်ပေါင်းထောင့်ငါးရာရှိတဲ့နှင်းဆီခင်းကြီးကို ကိုကိုယ်တိုင်စိုက်ပျိုးခဲ့လို့ပို့ကြိုက်တာ"

"အပင်ပေါင်းထောင့်ငါးရာရှိမှန်းbabyဘယ်လိုသိတာလည်း"

"ဒီအကြောင်းကို ကိုယ်တစ်ယောက်ပဲသိတာပါ"

"ကြွေနှင်းဆီပင်တွေကိုအမြဲရေတွက်တက်တာကိုယ့်မေ့နေပြီထင်တယ်"

"အာ ဟုတ်သားပဲ ကိုယ့်babyလေးကနှင်းဆီပင်တွေကိုရေတွက်နေကြပဲ"

"ဟိုး အရင်ကတောင်နှင်းဆီတစ်ပင်ပျောက်နေလို့ကြွေ ကိုယ့်ကိုဆူခဲ့တာအခုမှသတိရတယ်"

"ကို"

စက်စကားကြောင့်ကြွေကစက်နဲ့မျက်နှာချင်းဆိုင်လှည့်လိုက်ပြီးခေါ်လိုက်လေသည်။

"အဲ့တုန်းကကိစ္စတွေအတွက်ကြွေတောင်းပန်ပါတယ်"

"ကြွေကိုခွင့်မလွှတ်ပေးနိုင်ဘူးလားဟင်"

စက်ကကြွေရဲ့မျက်နှာလေးကိုလက်နှစ်ဖတ်နဲ့အုပ်ကိုင်လိုက်ပြီး

"Babyကိုကိုယ်ခွင့်လွှတ်ပြီးသား အဲ့တုန်းကbabyကဘာမှမသိရှာသေးတဲ့လူဆိုးမလေးမလို့"

"အံမယ် ကြွေကကလေးပိစိလေးကြနေတာပဲ"

"ကိုယ့်အတွက်တော့ ကလေးပိစိလေးပဲ"

"ဟွန့် ကြွေကလေးမဟုတ်တော့ပါဘူးနော်"

"ယောက်ျားတောင်ရနေပြီ"

"ဟုတ်ပါပြီဗျာ"

ကြွေရဲ့ဆံနွယ်တွေကိုလက်ချောင်းသွယ်သွယ်တွေနဲ့ပွတ်သပ်ရင်းပြောလိုက်လေသည်။

မာဖီးယားရဲ့မာနမင်းသမီးWhere stories live. Discover now