❤မာဖီးယားရဲ့မာနမင်းသမီး♥️
Part-1
"ဒီကလေးကိုသတ်ပြစ်လိုက်"
"ဗျာ ဆရာ"
နှစ်နှစ်အရွယ်ကလေးတစ်ယောက်ကိုရက်စက်စွာသတ်ဖြတ်ဖို့ပြောလိုက်သည့်ဉီးမင်းဇော်
ဉီးကျော်စွာမှာမကောင်းမှုလုပ်သော်လည်းဒီလိုကလေးတစ်ယောက်ကိုသတ်ဖြတ်ဖို့ဆိုတာမဖြစ်နိုင်။
"ငါပြောတာကြားလားကျော်စွာ"
"ဒီကလေးကိုဒီလူ့လောကမှာမမြင်ချင်ဘူး"
"ဆရာဒီကလေးက"
"ငါ့ကိုဘာမှပြန်မမေးနဲ့ငါပြောတဲ့အတိုင်းသာလုပ်ကြားလား"
"ဒီကိစ္စသာတစ်ခြားသူသိသွားပြီးအပြင်မှာပေါက်ကြားလို့ကတော့မင်းအသက်ကိုငါအာမ မခံဘူးနော်"
"ကုန်ကုန်ပြောမယ်ကွာမင်းဇနီးတောင်မသိစေနဲ့"
ဉီးကျော်စွာမှာအခက်တွေ့ရလေပြီ။
ဒီကလေးတစ်ယောက်ကိုသူဘယ်လိုသတ်ရက်ပါ့မလဲ။
"ဒီကလေးကကောဘယ်သူမလို့လဲ"
"ဘာလို့ဆရာကသတ်ခိုင်းရတာလည်း"
တစ်လမ်းလုံးအတွေးပေါင်းစုံနဲ့တွေးလာလေသည့်ဉီးကျော်စွာ။
ဆုံးဖြတ်ချက်တစ်ခုကတော့ဒီကလေးကိုမသတ်ပဲသူခေါ်ထားလိုက်တော့မယ်ဆိုတာပဲ။
အိမ်သို့ရောက်လာတော့ လသားလေးသာရှိသေးသည့်သူ့သမီးလေးကိုပွေ့ကာဒေါ်သက်ထားကြွေကလာကြိုလေသည်။
ကလေးတစ်ယောက်ကိုလည်းလက်ကဆွဲထားသည်မြင်တော့ဒေါ်သက်ထားကြွေက
"ကိုယ်ဒီခလေးက"
"ဟိုကွာ ကလေးကမိဘတွေလည်းမရှိတော့သနားလို့ကိုယ်မွေးစားလာတာ"
"ဘာရှင့်"
"ဒီကလေးကဘယ်သူ့ကလေးလည်း"
"ကိုယ်လည်းမသိဘူး"
"ဘာပြောတယ် မသိဘူးဟုတ်လား"
"ဘယ်ကမှန်းမသိတဲ့ကလေးတစ်ယောက်ကိုမွေးစားဖို့ကျမလက်မခံနိုင်ဘူး"
"ထား ကိုယ်ပြောမယ်"
"ဘာမှမပြောနဲ့ကျမလက်မခံဘူး"
YOU ARE READING
မာဖီးယားရဲ့မာနမင်းသမီး
Fantasy"ကိုယ်babyကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး.....ဒါပေမယ့် တစ်နေ့ နေ့မှာbabyကိုရအောင်ယူမယ်လို့တော့သစ္စာဆိုခဲ့တယ်......အဲ့ဒါbabyကိုသိပ်ချစ်ခဲ့လို့" #အာဏာမင်းစက်+ကြွေပုဏ္ဏမီ #အလွန်း Start to End date-18.7.2024(ပြန်လည်တင်ပြခြင်း)