♥️မာဖီးယားရဲ့မာနမင်းသမီး♥️
Part-23
သုံးနှစ်ခန့်ကြာပြီးနောက်........
"ကြွေ တို့နှစ်ယောက်ရွေးခံရတယ်တဲ့"
"ဟင် တကယ်လားဟင်"
"တကယ်ပေါ့ကြွေရဲ့"
ကြွေ့ရဲ့ပါးပြင်ထက်မျက်ရည်ဥတွေလိမ့်ဆင်းလာရလေသည်။ကြွေသွားရတော့ကို့ဆီကိုကြွေလာခွင့်ရတော့မယ်။
ကြွေစပိန်ကနေထွက်လာပြီးတော့ကြွေမိဘတွေနေခဲ့တဲ့အိမ်ကိုကြွေရောင်းလိုက်တယ်ပြီးတော့ဒယ်ဒီနဲ့မာမီအတွက်ကြွေအလှူလုပ်ပြစ်လိုက်တယ်။နည်းနည်းကျန်တဲ့ငွေနဲ့ကြွေတိုက်ခန်းလေးတစ်ခုဝယ်လိုက်တယ်။ပြီးတော့ကြွေစာဖိုမှူးသင်တန်းတက်ခဲ့တယ်လေ။
အဲ့မှာပဲဝေဝေဆိုတဲ့နယ်ကတက်လာတဲ့ကောင်မလေးနဲ့ကြွေသိကြွမ်းပြီးအတူနေဖြစ်တယ်။ဒါပါပဲသုံးနှစ်သာကာလကြွေရဲ့အပြောင်းအလဲတွေက။
အခုလည်းကြွေနဲ့ဝေနဲ့စာဖိုမှူးပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့စပိန်ကဟော်တယ်မှာဝန်ထမ်းလုပ်ဖို့ရွေးခံလိုက်ရတယ်တဲ့လေ။ဝေဝေကတော့သူ့ရဲ့ရည်မှန်းချက်အောင်မြင်မှုဖြစ်ပေမယ့်ကြွေ့ရဲ့ရည်မှန်းချက်ကတော့သူနဲ့ပြန်တွေ့ရဖို့ပေါ့။
ကြွေတို့ကဘာမှမဆိုင်တော့ဘူးဆိုတာသိပေမယ့်ကြွေအဝေးကနေပဲကြည့်ဖို့ပါ။ကြွေမေ့လို့မရဘူးကိုရယ်....
"ကြွေ ဘာလို့ငိုနေတာလည်း"
"ကြွေပျော်လို့ပါဝေရဲ့"
"ကြွေရယ် မငိုပါနဲ့ကြွေငိုရင်ဝေလည်းငိုချင်တာပေါ့လို့"
ဝေကလေတကယ်ကိုရိုးသားတယ်။ကြွေကိုလည်းသူကကျေးဇူးရှင်ဆိုပြီးသိပ်ကိုချစ်ရှာတယ်။မိဘတွေမရှိတော့ချင်းပါတူနေပြန်တော့ကြွေတို့ကခွဲမခွာအတူနေမအေမတူဖအေကွဲညီအမနှစ်ယောက်ပေါ့။
"အဲ့ဆိုဝေတို့စပိန်ကိုသွားရတော့မှာပေါ့နော်"
"ဒါပေါ့ဝေရဲ့"
ဒီနေ့ညတော့နှစ်ယောက်သားရင်ခုန်စွာနဲ့မအိပ်နိုင်ဖြစ်နေရလေတော့သည်။
~~~~~~~~~~~~~~~~~~~~~
စပိန်ခရီးစဉ်အတွက်ကြွေတို့မနက်ကိုးနာရီကတည်းကလေဆိပ်သို့ရောက်ရှိနေလေပြီ။ထိုကုမ္ပဏီကြီးရဲ့မန်နေဂျာလည်းပါတယ်။ကြွေတို့လိုပဲရွေးခံရတဲ့ကောင်လေးနှစ်ယောက်ကောင်မလေးခြောက်ယောက်လည်းပါတယ်။ကြွေတို့နဲ့ဆိုဆယ်ယောက်တိတိပေါ့။
![](https://img.wattpad.com/cover/373317845-288-k279919.jpg)
YOU ARE READING
မာဖီးယားရဲ့မာနမင်းသမီး
Fantasía"ကိုယ်babyကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး.....ဒါပေမယ့် တစ်နေ့ နေ့မှာbabyကိုရအောင်ယူမယ်လို့တော့သစ္စာဆိုခဲ့တယ်......အဲ့ဒါbabyကိုသိပ်ချစ်ခဲ့လို့" #အာဏာမင်းစက်+ကြွေပုဏ္ဏမီ #အလွန်း Start to End date-18.7.2024(ပြန်လည်တင်ပြခြင်း)