Chapter 133

1.4K 161 6
                                    

Unicode

ထိုလူက သူဖြစ်သည်ဆိုသောအချက်ကို သဲလွန်စတွေကနေ သူတို့တွေ သိရှိနိုင်၏။
လော့ကျစ်ယွီက ပြုံးနေသော လော့ချယ်ကို ကြည့်လိုက်သည်။ "မင်းက ဘာအတွက် ပြုံးနေရတာလဲ အဲ့ဒါ မင်းမဟုတ်ဘူး"

လော့ချယ်၏အပြုံးများက မှိန်ဖျော့သွားရသည်။ "မင်းဘာကိုဆိုလိုတာလဲ"

ဓာတ်ပုံထဲကလူက သိသိသာသာကြီးကို သူပင်။ လော့ကျစ်ယွီက မဟုတ်ဘူးလို့ ဘာလို့ပြောရတာလဲ။

လော့ကျစ်ယွီသည် နှစ်ခါလောက် မရယ်မိပဲမနေနိုင်ခဲ့ချေ။ ကုမျန်ကို သိပြီးကတည်းက သူ၏ကမ္ဘာကြီးအပေါ်ထားသည့် နားလည်မှုက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြန်လည်ဆန်းသစ်သွားသည်ဟု သူခံစားရသည်။

ပုံက ယောက်ျားတစ်ယောက်ရဲ့နောက်ကျောသာ ဖြစ်သော်လည်း ဟန်ဆောင်ဖို့ အပြေးအလွှား လုပ်နေတဲ့သူတွေရှိတာလား။

မိန်းကလေးရဲ့ဆွဲဆောင်မှုက အရမ်းကောင်းတယ်လို့ သူပြောသင့်လား။ ချန်းမိသားစုရဲ့ စတုတ္ထသခင်လေးကတောင် သူမဆီကနေ မလွတ်မြောက်နိုင်ဘူးမလား?

လော့ကျစ်ယွီသည် ထပ်မံ၍ လေးလေးနက်နက် ပြန်မပြောခင်ထိ နှစ်ခေါက်လောက် ရယ်မောလိုက်သေးသည်။

"တစ်ယောက်ယောက်က ဓာတ်ပုံထဲကလူက သူပါလို့ အခိုင်အမာပြောဖို့ အစပြုခဲ့တယ်လေ"

လော့ချယ်၏အမူအရာသည် ခဏတာမျှ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်၀န်းထဲတွင် အန္တရာယ်ရှိသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားကာ "ဘယ်သူလဲ"

လော့ကျစ်ယွီက "ချန်းကျစ်"

လော့ချယ်၏မျက်၀န်းများက လူသတ်ချင်သည့် အရိပ်အယောင်ကို ပြသလာသည်။

သူထင်ထားသည့်လူက ချန်းကျစ်ပင်။
မထင်မှတ်ပဲ အမှန်တကယ်ကို သူဖြစ်နေခဲ့၏။

ထိုအတွေးဖြင့် လော့ချယ်၏ပါးစပ်ထောင့်သည် အေးစက်စက်အကွေးတစ်ခု ဖြစ်တည်သွားသည်။

လော့ကျစ်ယွီက "ငါ့ခယ်မက ချိုမြိန်တဲ့မုန့်လေးပဲ၊ မင်းဂရုမစိုက်ရင် အဲ့ဒီချိုမြိန်တဲ့မုန့်လေးကို တခြားသူတွေ တကယ်စားသွားလိမ့်မယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now