I Own Her 🖤 (part-3)

2.1K 34 0
                                    

Uni
အိမ့်သူသူမောင်နေမကောင်းလို့ကလေးတွေကိုစာမသင်ပေးဖြစ်ပဲ အခန်းထဲမှာ မိုးအေးအေးနဲ့ကွေးနေတုန်း

"သမီးရေ ဒီမှာလူနာလာမေးတယ်"

"ဟင် အမေ သမီးကနည်းနည်းပဲဖျားတာကိုဘယ်သူကလာမေးတာတုန်း"

အိမ့်သူရဲ့စကားမဆုံးခင်မှာပဲ အခန်းထဲကိုမုန့်တွေအများကြီးသယ်ကာ ၀င်လာတဲ့လူကြောင့်အဖျားပါပိုတက်သွားရတယ်

"ငယ်လေးနေမကောင်းဘူးဆိုလို့ လာတာပါ ပြီးတော့ပြောစရာလေးလည်းရှိလို့"

"နာမည်ရှိတယ် နာမည်ကိုပဲခေါ်ပါကိုဘုန်းထက်မြတ်သော် ပြီးတော့ဧည့်ခန်းထဲကိုပဲသွားထိုင်ရအောင်"

"အဲ့‌တာ‌ဆို အမေ သားသောက်‌ဖို့ကော်ဖီလေးသွားဖျော်လိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ပါဗျ"

အိမ့်သူနဲ့ဘုန်းထက်မြတ်သော်လည်း ဧည့်ခန်းထဲကိုထွက်လာခဲ့ကြတယ်

" ပြောစရာရှိတယ်ဆို ဘာကိစ္စလည်းမသိဘူးရှင့်"

"ကို့တူလေးကိုစာသင်ပေးပါလားဗျ"

"ကျွန်မကတခြားကလေးတွေကိုလည်းသင်ပေးတဲ့သင်တန်းရှိတယ်ရှင့် အဲ့ကိုလာတက်လို့ရပါတယ်"

"ကို့တူလေးကနည်းနည်းငယ်သေးတော့ သူ့မိဘတွေကအပြင်ကိုမလွှတ်လို့ပါ"

"အဲ့တာဆိုရင် တခြားဆရာပဲရှာလိုက်ပါ"

"ဘာဖြစ်လို့လဲဗျ ကျွန်တော်သင်တန်းကြေးထက်၂ဆပေးပါမယ်ဗျ"

"မလိုပါဘူး ကျွန်မမသင်ပေးနိုင်ဘူး ပြီးတော့ကျွန်မကအဲ့လောက်ငွေကိုမမက်ဘူး"

"ကိုကအဲ့လို‌သဘောနဲ့ပြောတာမဟုတ်ပါဘူး တူလေးကို အိမ့်နဲ့တကယ်သင်စေ‌ချင်လို့ပါ"

"အဲ့တာကလေးမိဘတွေလာပြောရမှာမဟုတ်ဘူးလား"

"လမ်းကြုံလို့တစ်ခါတည်းပြောပေးတာပါ"

"ကျွန်တော့်တူလေးနဲ့တစ်ခါလောက်တွေ့ကြည့်ပြီးမှ သင်ပေးမသင်ပေးပြန်ဆုံးဖြတ်ပေးပါဗျ"

"သမီးရယ် ပြန်စဉ်းစားပါဦး"

ဘယ်ချိန်ကတည်းရောက်နေမှန်းမသိတဲ့အမေ့အသံကြောင့်လန့်သွားမိတယ်

I Own Her🖤 (ongoing)Where stories live. Discover now