I Own Her 🖤(part-5)

1.6K 52 1
                                    

Uni

"ရင်ရင်ရေ ဆရာမလေးစားဖို့တစ်ခုခုလုပ်ပေးပါဦး"

အဲ့ဒီလိုပြောပြီးသွားတဲ့နောက်မှာအမကအိမ့်သူတို့ထိုင်နေတဲ့ ဆိုဖာနားမှာထိုင်လိုက်ကာ

"ညီမလေးရယ်အမပြောရမှာလည်းအားနာပါတယ်"

အိမ့်သူလည်းဘာမှပြန်မပြောပဲနောက်ထပ်ပြောလာမယ့်စကားကိုစောင့်ပေးနေလိုက်တယ်

"ခမ်းခမ်းလေးကိုစာသင်ပေးပါလားညီမလေး အချိန်ကိုလည်းညီမလေးအဆင်ပြေတဲ့အချိန်ကိုပြောပါ
သားလေးကစာအရမ်းလိုချင်တာပါ သူ့အခြေအနေကြောင့်ကျောင်းက‌ကလေးတွေအနိုင်ကျင့်မှာဆိုးလို့အမကအိမ်မှာစာသင်ဖို့ကိုရွေးလိုက်ရတာမလို့ပါ"

"ဟုတ်ကဲ့ပါ ခမ်းခမ်းလေးကိုညီမသင်ပေးပါမယ် ဒါပေမယ့်ညီမအိမ်ကိုကလေးကိုလွှတ်ပေးပါလားရှင့် တခြားကလေးတွေမရှိတဲ့အချိန်ကိုစီစဉ်ပေးပါမယ်"

"ဟုတ်"

"ညီမအားတဲ့အချိန်ဆိုရင်ညနေပိုင်းမလို့တစ်ယောက်ထဲ‌အသွားအလာအဆင်မပြေလို့ပါ"

"ဟုတ်ပါပြီညီမလေး"

"ထားလိုက်ပါတော့အမရယ် အပို့အကြို ဆီဈေးတွေကလည်းတက်နေတော့ ညီမ ပြန်စဉ်းစားပေးပါမယ်"

အဲ့အချိန်မှာပဲငြိမ်နေ‌တဲ့ဘုန်းထက်ကထပြောလာ‌တယ်

"ကျွန်တော်အိမ့်သူတို့အိမ်လမ်းထိပ်မှာကော်ဖီဆိုင်ဖွင့်မှာလေ အဲ့မှာလာသင်လိုက်ပေါ့ ကလေးကို‌ အကိုရုံးသွားရင်တစ်ခါတည်း၀င်ဖို့ခဲ့ခိုင်းလိုက်လေ အပြန်ကြ ၀င်ကြိုသွားပေါ့ အဆင်မပြေဘူးလား"

"အဲ့တာလည်းကောင်းသားပဲ သက်သက်ကြီးအလုပ်မရှုပ်တော့ဘူးပေါ့ တော်လိုက်တဲ့ငါ့မောင်လေး"

"အဲ့တာဆိုအဲ့လိုလေးပဲလုပ်လိုက်ကြရအောင်နော်"

🍀🍀🍀🍀🍀

အိမ့်သူတို့စကားပြောပြီးတဲ့နောက် အပြင်ကိုထွက်လာတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာကာတွန်းကြည့်ပြီးအိပ်ပျော်သွားပုံပေါက်တဲ့ခမ်းခမ်းကို ဘုန်းထက်မြတ်သော်က တွေ့သွားကာ
အမြန်ပဲခမ်းခမ်းကိုသူ့ရဲ့ တောင့်တင်းခိုင်မာသောလက်နဲ့ ပွေ့ချီလိုက်ကာ ကလေးရဲ့အခန်းလို့ထင်ရတဲ့ အခန်းထဲကို၀င်သွားတော့သည်

I Own Her🖤 (ongoing)Where stories live. Discover now