I Own Her 🖤 (part-4)

1.9K 46 1
                                    

Uni ver

ဘုန်းထက်မြတ်သော်လည်းကားနားမှာစောင့်နေတဲ့အိမ့်သူကို ကားတစ်‌ကားဆွဲဖွင့်ပေးပြီး ကားပေါ်ကိုတက်စေကာ သူလည်းကားကိုပေါ်ကိုအလျင်အမြန်ပဲတက်လိုက်တော့တယ်

"Sorry ကျွန်တော်လည်းအန်တီကိုမနှုတ်ဆက်ရင်ရိုင်းရာကျမှာဆိုးလို့ပါ"

"ဇွတ်လူကောင်းအသွင်ဖမ်းနေတဲ့ကောင်"

အိမ့်သူရဲ့ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတဲ့စကားလုံးကြောင့်ဘုန်းထက်မြတ်သော်ကော အိမ့်သူသူမောင်ကောင် ခနတာငြိမ်သပ်သွားကြတယ်

"ခုနကကျွန်တော့်ကိုပြောလိုက်တာလားဗျ"

"ဟုတ်တယ်‌"

အိမ့်သူလည်း ပြောထွက်ပြီးသွားပြီဖြစ်တဲ့စကားအတွက် ကိုယ်တိုင်ပဲအရှင်းအလင်းဖြစ်အောင်လုပ်ဖို့စတင်လိုက်တော့တယ်

"အိမ့်က ကျွန်တော့်အပေါ်အမြင်မကြည်နေသလိုပဲနော် ကျွန်တော့်ကိုအမြင်မကြည်‌ဆရာကိစ္စများလို့လား‌ဗျ"

"အဲ့လိုလည်းမဟုတ်ပါဘူး ကိုဘုန်းထက်မြတ်သော်ရဲ့ သရုပ်မှန်ကိုမြင်ဖူးထားတာမလို့ လူကောင်းလိုသရုပ်ဆောင်နေစရာမလိုပါဘူး"

"ဗျာအခု အိမ့် ဘာတွေပြောနေတာလဲ"

"ကိုဘုန်းထက်ဟိုတစ်နေ့ကshopping mallထဲမှာမိန်းကလေးတစ်ယောက်ကိုလက်ကနေတစ်ရွတ်တိုက်ဆွဲသွားတာတွေ့လိုက်ပြီးသားပါရှင့်"

"အော် အဲ့တာကလေ..."

" မိန်းကလေးတစ်ယောက်ကိုလူကြားထဲမှာတောင်အကြမ်းအတမ်းတွေလုပ်နေတာ လူကွယ်ရာမှာဆိုရင်တော့လေ"

"အထင်မှားနေပြီထင်တယ်"

"ဘာကိုတုန်း "

ဘုန်းထက်မြတ်သော်လည်း ကားမောင်းရင် ဟက်ဟက်ပက်ပက်ရယ်ကာ

"အဲ့တာကျွန်တော့ညီမဗျ"

"ဟင်"

"ငုဝါကကျွန်တော့်ညီမပါ သူနဲ့ကျွန်တော်ကငယ်ငယ်ကတည်းကအဲ့လိုပဲ အကြမ်းပတမ်းတွေ အဲ့လိုဆွဲသွားတာသူ့အတွက်ပုရွက်ဆိတ်‌ကိုက်သလောက်ပဲရှိတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုကြီးလုပ်စရာလား"

"သူဘယ်လောက်ကြမ်းတမ်းလဲဆိုတာနောက်နေ့မှကျွန်တော်ခများလေးကိုသူ့ဆီခေါ်သွားဦးမယ်"

I Own Her🖤 (ongoing)Where stories live. Discover now